သူနဲ့ကျွန်တော်နဲ့ မသိကြပါ။ အစကတည်းကမသိပါ။ သို့သော် အမှတ်တမဲ့ ဆုံစည်းကြခြင်းဖြစ်ပြီး သိကြခင်ကြ၊ရင်းနှီးကြတာမျိုး
ရယ်ပေါ့။ကျွန်တော့ ဘ၀ ထဲမှာ ဘာရယ်မဟုတ်ပဲဝင်လာပြီး၊ဘာရယ်မဟုတ်ပဲ ပြန်ထွက်သွားကြတဲ့ အခြားအခြားသော မိန်းကလေးတွေလိုပဲ ခပ်ပေါ့ပေါ့ ရင်းနှီးမိတာတော့ ၀န်ခံပါတယ်။ သူ့အကြောင်းလဲကိုယ်မသိ၊ ကိုယ့်အကြောင်းလဲ သူမသိခင်လေးမှာပဲ ရင်းနှီးမှုအတိုင်းအတာလေးတွေ တော်တော် ကိုတိုးတက်လာတယ်ဆိုပါတော့။ ဒီအထိလဲ ဖြစ်ရိုးဖြစ်စဉ် ပါပဲပေါ့။ ရင်ထဲမှာ ပေါ့ပေါ့ပါးပါးပဲရှိနေခဲ့သေးတယ်။ မရိုးသားတဲ့အတွေးလေး နဲနဲပါးပါးတော့ ၀င်လာတတ်မြဲဆိုပေမယ့် ဒါမျိုးမှာ သူလဲရှိနေတတ်မှာပါဆိုပြီး ဖြည်ချမိဖူးတယ်။ အချိန် တွေမကြာခင် သူ့ အကြောင်းတွေကို သိလာရတော့ သိပ်ကို အံ့သြသွားမိတယ်။ တစ်ကယ်တော့ သူဟာ တော်တော် ကိုပွေရှုပ်တဲ့ အမျိုးသမီးတစ်ယောက်တဲ့။ ယုံနိုင်စရာမှ မရှိလေချင်းရယ်။ သူ့ရဲ့ အေးချမ်းတဲ့ ရုပ်ရည် နဲ့ တည်ငြိမ်တဲ့ အမူအရာတွေက မျက်နှာဖုံးတစ်ခု လိုပဲလား။ ကျွန်တော် နည်းနည်းတော့ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်သွားမိတယ်။ သေချာတယ်ဆိုတဲ့ လူရဲ့အပြောတစ်ခုနဲ့တင် ကျွန်တော်သု့အပေါ်မှာ သံသယ ၀င်မိရင် ဒါဟာ ကျွန်တော့ရဲ့ သေးသိမ်တဲ့စိတ်ဖြစ်တယ်ဆိုတဲ့အခြေအနေမှာမရှိချင်ဘူးလေ။ကျွန်တော်တတ်နိုင်သလောက် လူကြီးဆန်ချင်ခဲ့မိတယ်။
ဒီနောက်တော့ သူ့ကို ရင်းနှီးမှု ပိုရအောင်ကြိုးစား၊ သူ့အကြောင်းတွေကို ပိုသိရအောင် စုံစမ်းမိတယ်။

နောက်တော့ ကျွန်တော်သူ့အကြောင်းတွေကို စုံစမ်းနေတဲ့ အကြောင်းကို သူသိသွားတော့ ကျွန်တော့ ကို အင်းယားကန်ဘောင် က စားသောက်ဆိုင် တစ်ခုမှာ တွေ့ဖို့ ချိန်းလာတော့တယ်။ ကျွန်တော်လည်း နဲနဲ တော့ ရှက်တာလဲပါ၊ မလုံတာလဲပါပေါ့လေ။ ဒါပေမယ့် သူချိန်းတဲ့နေရာ ကိုတော့ သွားရင်ဆိုင်မယ်ဆိုတဲ့ သတ္တိ နဲ့သွားခဲ့တယ်။ ဟိုလဲရောက်ရော သူ့ဖက်က ဘာမှ မထူးဆန်းသလို အနေအထိုင်နဲ့ သူနေတော့ ကျွန်တော် နဲနဲ တော့ နေသာထိုင်သာ ရှိသွားတာ ၀န်ခံရမှာပါပဲ။ သူ့ကို ကျေးဇူးတင်တယ်ဗျာ။နောက် ထွေရာ လေးပါးတွေ ပြောလို့အပြီးမှာတော့ သူကကျွန်တော့ ကိုမေးပါတယ်။  ရှင်ကျွန်မ အကြောင်းတွေ လိုက်စုံစမ်းနေတာ ရိုးသားတဲ့ စိတ်နဲ့လား၊မရိုးသားတဲ့စိတ်နဲ့လားတဲ့။ စောစောက စိတ်သက်သာရာ ရနေတဲ့ ကျွန်တော် ဟာ မျက်နှာ မထားတတ်အောင် ရုတ်ရက်ခတ်သွားတဲ့ ကျွန်တော်ဖြစ်သွားပြန်ရောဗျာ။ ဒီအတွက်ကျွန်တော့မှာ အဖြေတော့ မရှိဘူးလေ။ ကျွန်တော့ကို ကျွန်တော်မှ မသိခဲ့တာ။ဒါအမှန်ပါ၊ယုံပါလို့ ကျွန်တော် ပြောမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော သူ့အမေးအတွှက် တော့ အဖြေတစ်ခုပေးနိုင်ရမယ် ။ ကျွန်တော် ဘာပြောရမလဲ ။ကျွန်တော် မရိုးသားခဲ့ဘူးလား။ကျွန်တော်ရိုးသားခဲ့သလား။ ရိုးရိုးလေးပဲဖြေရမှာ ကိုကျွန်တော် အချိန်ယူစဉ်းစားနေ မိတယ်။ နောက် ၁၀ မိနစ်လောက်ကြာတော့ မှ သူက ရှင့်မှာ တိကျတဲ့အဖြေမရှိရင် ကျွန်မကိုခွင့်ပြုပါဦး၊ကျွန်မပြန်ပါဦးမယ် ဆိုပြီး ထပြန်သွားပါတယ်။ ဒါပေမယ့် သူ့မျက်ဝန်းမှာတော့ မျက်ရည်တွေ ၀ဲသီလို့ပါ။ သိပ်ရှင်းရှင်း မမြင်လိုက်ရပေမယ့် သူငိုများနေသလားပေါ့။ ဒီလိုနဲ့ ကျွန်တော်နဲ့ သူနောက် ထပ်မဆုံဖြစ်ကြတော့ ပါဘူး။ကျွန်တော် သတိရ လို့ဖုံးဆက်ဖြစ်ရင်လဲ သူမရှိဘူးဆိုတဲ့ အဖြေက ပုံမှန်ကြားရတဲ့ စကားတစ်ခွန်းဖြစ်လာပါတယ်။

သူနဲ့အဆက်အသွယ်ပြတ်ပြီးရက်ပိုင်းမှာပဲ သူ့ သူငယ်ချင်းထဲက ကျွန်တော်နဲ့ တော်တော်ရင်းနှီးတဲ့ တစ်ယောက်က ကျွန်တော့်ဆီကို ဖုံးဆက်လာပြီး သူ့အကြောင်းတွေကို ပြောပြတယ်။ ကျွန်တော်လဲ   တစ်ဖက်က အတည်ပြောနေတာ၊ စာနာတဲ့အနေနဲ့ ပြောနေတာကြောင့် နားထောင်ရင်း သိရတာက …… သူ့မှာ ရီးစားသနာ များတယ်ဆိုတာ ကျွန်တော်နဲ့ မ   ဆူံခင်ကပါတဲ့။ ကျွန်တော်နဲ့တွေ့ပြီးခင်ပြီးနောက်တော့ သူတော်တော် ပြောင်းလဲသွားခဲ့တယ်တဲ့။အခု သူအိမ်ကပေးစားတဲ့သူနဲ့လက်ထပ်တော့မယ်တဲ့ ။သူနဲ့လက်ထပ်မယ့် အမျိုးသားက လဲသူ့ကို လာတောင်းရမ်းနေတာကြာပြီတဲ့။
သူက ကျွန်တော် သူ့အပေါ်ကိုမရိုးသားမှန်လည်းသိ၊သူကလဲ ကျွန်တော့ အပေါ်မှာ စိတ်ညွှတ်တဲ့အတွက် ဒီလူကို သူငြင်းထားတာတဲ့လေ။

နောက် နှစ်ပတ်လောက်အကြာမှာ သူ့ရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့ အတူ ယောကျာင်္းတစ်ယောက်နဲ့ တွဲပြီး ကျွန်တော့ အိမ်ကိုရောက်ချလာပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က တနင်္ဂနွေ နေ့ပါ။ ရုံးမတက်ရလို့ အိမ်မှာအေးအေးဆေးဆေး အနားယူနေတာပေါ့။။သူယူမယ့် အမျိုးသားက ကျောက်သူဌေးဆိုပဲ။ဘွဲ့ရပညာတတ်တစ်ယောက်တဲ့လေ။ ရုပ်ရည်ဥပဓိ အရလဲ လိုက်ဖက်ပါတယ်ဗျာ။ဖိတ်စာပေး ပြီး သူတို့ပြန်အထွက်မှာ ကျွန်တော် သူ့နာမည်ကို တိုးတိုးလေး ရွတ်မိလိုက်တယ်။ သူတစ်ချိန်ကမေးခဲ့တဲ့ မေးခွန်းအတွက် ခု ကျွန်တော့မှာ တိကျတဲ့ အဖြေရှိနေပြီလေ။ ဒါပေမယ့် သူ့ကိုပြန်ပြောပြဖို့တော့ အချိန်တွေ တော်တောိကို နောက်ကျနေခဲ့ပြီပဲ မဟုတ်လား။ ဒီအချိန်မှာ ကောင်းကငမိုးသားတွေ ကို မိုးရွာစေချင် ပေမယ့် ငမိုက်သားကျွန်တော့ အတွက် မိုးက တစ်စက်ကလေး မှမရွာပေးပါဘူး….။