ဆောင်းပါး


ဒီတစ်ခေါက်ရေးတာလေးကတော့  ကိုယ်တွေ့လေးတွေပါ။ အပေါင်းအသင်းများကောင်းမှုနဲ့ရခဲ့တဲ့အတွေ့အကြုံလေးတွေပေါ်မှာ ကိုယ့် အိုင်ဒီယာလေးတွေ တင်ကြည့်ထားတာမျိုးပေါ့။ကဲ..စလိုက်ရအောင်ဗျာ….

လဂွန်းအိန်ကတောသားပါ။ရန်ကုန်လာပြီးအစပိုင်းမှာ သင်တန်းလေးဘာလေး တက်ပြီး အတော်ပဲ ရန်ကုန်သားအပေါင်းအသင်းတွေရလာတယ်ဆိုပါတော့။တစ်ခုသော တနင်္ဂနွေ နေ့မှာပေါ့(အမှန်ကတော့ ဘာနေ့မှန်းမမှတ်မိတော့ပါ။ရမ်းရေးလိုက်ခြင်းဖြစ်သည်။)။ ချစ်ဘော်ဘော်တစ်ယောက်က မွေးနေ့တဲ့ ၊အလှုလေးလုပ်ဖြစ်မယ်ဆိုပြီးလာခေါ်တော့ ၀မ်းသာအားရနဲ့ ထလိုက်သွားတယ်လေ။ နေရာကတော့ ရွှေတိဂုံ ရင်ပြင်တော်ပေါ်က ဇရပ်လေးတစ်ခုမှာပေါ့ဗျာ။ ဟိုရောက်တော့ အချင်းချင်းတွေမို့ သိပ်အားနာစရာမလိုတော့လဲ ဆွဲရေးတွေ ပေးကြ၊ လုပ်စရာရှိတာ ၀ိုင်းလုပ်ပေးကြနဲ့ပျော်ပျော်ပါးပါး၊ပေါ့ပေါ့ပါးပါးပေါ့ဗျာ။ နောက် စားသောက်ပြီးစီးသွားကြတော့ သိမ်းဆည်းစရာတွေကို သိမ်းပြီး ရွှေတိဂုံ စေတီတော်ကြီးကို ပတ်ပြီးဖူးကြပေါ့။ ဇာတ်လမ်းက အဲဒီကစတော့တာပဲဗျာ။ အပေါင်းအသင်းတစ်ယောက်က အရှေ့တောင်ဒေါင့်နားရောက်တော့ `မင်း..ငါနဲ့ခဏလိုက်ခဲ့စမ်းပါ။ငါမင်းကို ပြစရာရှိတယ်။´ဆိုပြီးခေါ်သွားတော့ လဂွန်းအိန်တောသားလည်း ဘာများအထူးအဆန်းတွေ့မလည်းဆိုပြီး နောက်ကလိုက်တော့တာပေါ့ဗျာ။အဲ ..တွေ့လိုက်ရတာက ညောင်ပင်ကြီးတစ်ပင်မှာ လူတွေဝိုင်းပြီး အမွှေးတိုင်တွေထွန်းကြ၊ ပါးစပ်က တစ်တွတ်တွတ်နဲ့ ရွတ်ဆိုနေကြ နဲ့ဗျာ။လူတော့အစည်သားဗျ။ကျွန်တော့ အပေါင်းအသင်းကလည်း အများနည်းတူ ၀င်ပြီး အမွှေးတိုင်တွေထွန်း၊ပါးစမ်က ပွစိပွစိ နဲ့ရွတ်ပြီးဝင်နွဲတော့တာပဲဆရာ။ ဘာတွေလည်းပေါ့။ဒီတောသားကလည်း မြို့တက်လာတာသိပ်မကြာသေးတော့ ဘုမသိဘမသိနဲ့မို့ဒီတိုင်းပဲစိတ်ဝင်တစ်စားပဲဘေးက ရပ်ကြည့်နေမိလိုက်တယ်ဗျာ။ အဲ..မင်းသားက ပြီးလည်းပြီးရော ကျွန်တော့ဖက်ကို လှည့်လာပြီး `မင်း မရှိခိုးတော့ဘူးလား၊ဒါ ရွှေတိဂုံဘိုးဘိုးကြီးကွ။ သူ့ကို ပူဇော်ပြီး ဆုတောင်းရင် ပြည့်တယ်။မယုံမရှိနဲ့နော်..။´တဲ့။ကျွန်တော်လည်း စိတ်ထဲမှာ နည်းနည်း ညစ်သွားတယ်ဗျာ။စိတ်ထဲမှာလည်း ဘ၀င်မကျတဲ့အတွေးတွေနဲ့ ပြည့်သွားတယ်။ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ ကျွန်တော်တို့ ဘုရားလာဖူးတယ်။ဒီလို ဘာမှန်းမသိတာတွေကိုတော့ သိပ်အရေးမပေးချင်တာအမှန်ပဲ။ဟုတ်တယ်လေနော်။ ဘုရားက အိမ်ကြီးရှင်၊ဒီချောင်(ဂျောင်)ကပ်နေတဲ့ဟာက ဘာအဆင့်လဲ။အမြင့်ဆုံး သတ်မှတ်နိုင်ရင်တောင် ဒရ၀မ် အဆင့်ပေါ့။ဟုတ်ဘူးလား။ကျွန်တော်တို့ ဘုရားရှိခိုးတယ်။အမွှေးနံသာ၊ဖယောင်းတိုင်တွေနဲ့ ပူဇော်ပြီး အာရုံပြုရှိခိုးတယ်။ သြကာသ၊တောင်ကျွန်းသံဗုဒ္ဒေတို့၊၂၄ ပစ္စည်းတို့ရွတ်ဖတ်ပြီး ရှိခိုးတယ်။နောက် သီလယူနိုင်ရင်လည်းယူပေါ့ဗျာ။ဒါဟာ ကျွန်တော်တို့က  မြတ်စွာဘုရားရှင်ဆိုတဲ့ အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ ပြုတယ်ပေါ့။ဒီလိုသတ်မှတ်ရင် မရိုင်းပါဘူးထင်တယ်။ ဟုတ်ပြီ..ဒီလိုဆို အိမ်ကြီးရှင်နဲ့ တွေ့ဆုံဂါရ၀ပြုပြီးရင် ခြံစောင့်ဒရ၀မ်ကောင်လောက်ကိုတော့ ….. ဟဲ..ဟဲ..။ လာရတဲ့မူရင်းရည်ရွယ်ချက်ကလည်းဘုရားကိုပူဇော်ရှိခိုးဖို့၊ဂါရ၀ ပြုဖို့မဟုတ်ကြဘူးလား။ဥစ္စာစီးဇိမ်တွေတိုးပွားဖို့လာတယ်ဆိုရင်တော့ ရည်ရွယ်ချက်အလွဲတွေနဲ့ဘုရားရှိခိုးပြီး ဘာကုသိုလ်မှမရ၊ဒါမှမဟုတ် ကုသိုလ်ရသင့်မလောက်မရနိုင်ဘူးလို့တော့ လဂွန်းအိန်ထင်တာပါပဲ။

ဒါပေမယ့်လဂွန်းအိန်ကအတွေးသမား သက်သက်ဆိုတော့ဘာမှ ပြန်မပြောဘဲ စိတ်ချမ်းသာရာသာလုပ်ပါစေတော့ဆိုပြီးပြုံးပြုံးပဲနေလိုက်တယ်။ နောက်ရင်ပြင်တော်ကိုပတ်ပြီးဖူးကြတာပြီးတော့ ဘုရားပေါ်ကဆင်းကြမယ်တဲ့။ခြေလျင်ဆင်းပြီး ကြီးငါးကြီးဖက်ကိုသွားမယ်တဲ့။လဂွန်းအိန်လည်း သွားပေါ့။ဟိုမှာလည်း ဘုရားတွေရှိတာပဲ။ဖုးရတာပေါ့ဆိုပြီးလိုက်သွားလိုက်တယ်။ရောက်ခါနီးကျတော့ တစ်ယောက်က ပြောမှသိတယ်။အဲဒီမှာ ၀ိဇ္ဖာလိုင်းလိုက်နေတဲ့ဘုန်းကြီးတစ်ပါးရှိတယ်တဲ့။ အဲဒီဘုန်းကြီးဆီကို သွားတာတဲ့။ ကဲဗျာ..ကောင်းရော..။ လှည့်ပြန်ချင်စိတ်ကို တစ်ခါတည်းပေါက်သွားတယ်..ဆရာရေ။ဒါပေမယ့်..  ရောက်ခါနီးနေပြီဆိုတာရယ်။  အပေါင်းအသင်းတွေဆိုတာ   ရယ်တွေကြောင့်
အောင့်အီးပြီး လိုက်သွားလိုက်တယ်။ နောက်အမှန်မတိုင်းဝန်ခံရရင် ဘယ်လိုအနေအထားရှိလည်းဆိုတာကိုပါ စူးစမ်းချင်စိတ်တွေပေါက်လာတာလည်းပါပါတယ်။

ဟိုလည်းရောက်ရော အရင်ဆုံးဘုရားကို ဦးချဝတ်ပြုကြပြီး ဒေါင့်တစ်ဒေါင့်မှာ ယိုးဒယားသင်္ကန်း ရွှေရောင်ကြီးဆင်မြန်းထားတဲ့ အဲဒီဘုန်းဘုန်းဆိုတာကိုသွားတွေ့ကြတယ်ပဲဆိုပါတော့။ကျွန်တော် သင်္ကန်းကိုဆင်မြန်းတယ်လို့ပြောတာ အကြောင်းရှိပါတယ်။ သူသင်္ကန်းရုံထားတာ ဘယ်လိုမှ ၀ိနည်းနဲ့မညီဘူးဆိုတာမျက်စိနဲ့ကြည့်ရင်ကို ရှင်းရှင်းကြီးတွေ့နိုင်လို့ပါ။ဒါပေမယ့် ကျွန်တော့် အပေါင်းအသင်းတွေက အရှိုရှို ဦးတွေချပြီး ဘုန်းဘုန်း၊ဘုန်းဘုန်း နဲ့ကိုနေတော့ တာပဲဗျာ။ အဲဒီတော့ အဲဒီပုဂ္ဂိုလ်ကြီးက ကျွန်တော့ကိုလည်း ထိုင်ထိုင် ဆိုပြီးပြောတော့ ကျွန်တော်လည်းထိုင်ရတော့တာပေါ့။ နောက် သူကပဲ..ကဲ..ကဲ..ဦးချပါဦး ဆိုတော့ ကျွန်တော်…တော်တော် ကြီးကို အခက်တွေ့သွားတယ်ဗျာ။လဂွန်းအိန် အမှန်အတိုင်းပြောရရင် ရတနာ သုံးပါးကို ကိုးကွယ်တဲ့သူ၊ယုံကြည်တဲ့သူပါ။ ဒါပေမယ့် ဒီပုဂ္ဂိုလ်ပုံစံနဲ့နေပုံထိုင်ပုံတွေက တွေ့တာနဲ့ကို ဘယ်လိုမှ သံဃာဂိုဏ်းဝင် သံဃာတော် တစ်ပါးပါလို့ကို လက်ခံနိုင်စရာမရှိဘူးဖြစ်နေတော့ ခက်ပြီပေါ့ဗျာ။ အားလုံးကလည်းဝိုင်းပြီးကြည့်နေတော့ နောက်ဆုံးမသက်မသာနဲ့ပဲ စိတ်ထဲက `သံဃာတော်ကိုရှိခိုးပါ၏ ´လို့ ရွတ်ပြီး ဦးချလိုက်တယ်။ဒီတော့မှ ဒီပုဂ္ဂိုလ်လည်းကျေနပ်သွားသလို မျက်နှာပေးနဲ့ အင်းအင်းဆိုပြီး အသံပေးတော့တယ်။

နောက်ပြောတဲ့စကားတွေကလည်း တောင်ရောက်လိုက်မြောက်ရောက်လိုက်နဲ့ ဘယ်လိုမှ အစီအစဉ်မကျဘူး။ Out of the line လို့ပြောရမလားပဲ။ဒါမှမဟုတ်ရင် Out of the mind လို့ပြောရလောက်အောင်ကိုပါပဲဗျာ။ မှတ်မှတ်ရရ စိတ်ထဲစွဲသွားတာက ယောကျာင်္းပိုင်းလုံး၊မိန်းမပိုင်းလုံး..လို အရပ်စကားကြမ်းကြမ်းတွေရယ်၊ပိုဆိုးတာက သင်္ကန်းကြီးစီးပြီး အားမနာလျှာမကျိုးနဲ့ ..`မင်းတို့အသက်ငယ်ငယ်နဲ့ဘာသာရေးမလုပ်ကြနဲ့၊ဒီအရွယ်ကောင်းလေးမှာ စီးပွားရေးကိုပဲဇောက်ချသာလုပ်။ဒီအချိန်မှာ ဘာသာရေးလာလုပ်ရင် ကြောင်တောင်တောင်ဖြစ်သွားမယ်။ဂေါက်သွားမယ်..´ဆိုတဲ့စကားပါပဲ။ လဂွန်းအိန်တော့ ဒီစကားပြောတာကြားတော့မိုးကြိုးဘယ်အချိန်ခေါင်းပေါ်ကျလာမလဲဆိုပြီးကျောတွေကိုစိမ့်သွားတာပဲဗျာ။ကိုယ့်ဆရာရေ..။
စဉ်းစားကြည့်ပါဦး။ဘယ့်နှယ့်ဗျာ။သင်္ကန်းကြီးခြုံပြီး ဘာသာရေးမလုပ်နဲ့ဆိုတဲ့ သာဿနာဖျက် စကားမျိုးဘယ် သံဃာတော်က ပြောဝံ့မှာလည်း။ ဘာသာရေးဆိုတဲ့ ကိုးကွယ်ယုံကြည်မှုဆိုတာ အသက်အရွယ်နဲ့ လားလားမှ မဆိုင်တာ အားလုံးသော် သူတွေသိကြပါတယ်။ လဂွန်းအိန်လည်းသီးမခံနိုင်တော့တဲ့အဆုံး `ခွင့်ပြုပါဦး။´ဆိုပြီး ပထမကလိုပဲ သံဃာကို ရှိခိုးပါ၏ လို့စိတ်ကရွတ်ပြီး ဦးချလို့ အဲဒီနေရာက ထွက်ခဲ့လိုက်တယ်။အားလုံးကိုလည်း ကိစ္စလေးတစ်ခုရှိသေးလို့ သစွားတော့မယ်ဆိုတဲ့အကြောင်းပြပြီး ပြန်လစ်တော့တာပေါ့ဗျာ။ အိမ်ပြန်ရောက်တော့ စဉ်းစားမိတယ်။ဒီပုဂ္ဂိုလ် ဟာရူးနေတာပဲဖြစ်ရမယ်လို့။သူပြောတဲ့စကားတွေဟာ အထက်မှာရေးပြခဲ့တဲ့အတိုင်း ဘယ်လိုမှ အစီအစဉ်မကျ၊ ဘယ်လိုမှလည်းအနှစ်အရသာမရှိ။ အခြားသံဃာတော်တွေ တရားဟောတာမျိုးနဲ့လည်း နည်းနည်းမှမနီးစပ်(ခုလိုနှိုင်းပြရတာတောင် အပြစ်ရှိသလိုလိုခံစားရတယ်ဗျာ။)တာကြောင့်ပါ။နောက် ညကျမှ စောစောက ရင်ပြင်ပေါ်က ဘိုးဘိုးကြီးဆိုလား၊ဖြီးဖြီးကြီး ဆိုလား ..အဲဒါကြီးကိုသွားဆုတောင်းတဲ့ တစ်ယောက်ကိုဖုန်းဆက်မေးကြည့်လိုက်တယ်။ `မင်းတို့သွားတွေ့တဲ့ ဟာက အရူးလား´ဆိုပြီးတော့လေ။ အဲဒီလိုမေးလို့ သူပြန်ဖြေတဲ့အဖြေကို ကြားတော့မှ ပိုဆိုးတယ်ဆရာရေ။ `အာ..ဘယ်ကလာ ..သူငယ်ချင်းကလည်း။အဲဒါဓါတ်စီးနေတဲ့အချိန်မို့လို့ပေါ့။မင်းတို့က ဒါတွေကိုသိမှာမဟုတ်ပါဘူးလေ။´..တဲ့။ကောင်းကွာ။မေးမိတဲ့ ကိုယ့်ပါးစပ်တောင် ကိုယ့်ဖာသာ ပြန်ဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်တယ်ဗျာ။နောက်ဖုံးချပြီး မှ စဉ်းစားကြည့်မိတယ်။ အရူးကြီးပြောတဲ့စကားတွေကို အရူးလေးတွေက နားထောင်နေခဲ့ကြပါလားလို့။  စိတ်လည်းမကောင်းဘူးဗျာ။ လူတွေဟာ ကိုးကွယ်ရာ ရတနာသုံးပါး အစစ်အမှန် ထင်ရှားရှိနေပါလျက်နဲ့ ဒီလို ကမျောက်ကချောက် ဟာတွေနောက်ကိုလိုက်နေရတာလဲ။ဘာကြောင့်လဲ။ဥာဏ်မှီသလောက် တွေးမိတာကတော့ အတ္တ၊လောဘ နဲ့မောဟတွေကြောင့်လို့ပဲထင်ပါတယ်။မြတ်ဘုရားဟော သလိုပါပဲ။တစ်လောကလုံးရှိတဲ့ ပုထုဇဉ် မှန်သမျှအားလုံးက အရူးတွေပဲတဲ့။ဒါကြောင့်ပဲနေမှာပေါ့။ကဲ..ကိုယ့်ဆရာတို့လည်း ၀ိုင်းစဉ်းစားပေးကြပေါ့ဗျာ။

ဤစာပါအကြောင်းအရာတို့သည် လဂွန်းအိန် မည်သော ခပ်ကြောင်ကြောင်ငနဲ၏ စိတ်ကူးယဉ်ဥာဏ်ဆင်ကာရေးသားထားခြင်းမျှသာဖြစ်ပါသည်။ အခြားဘာသာဝင်များကို စော်ကားသည့် သဘောများမပါပါ။ ထို သဘောမျိုးသက်ရောက်သွားခဲ့လျှင် ဤစာကို ပြန်ဖျက်ပေးရန်တောင်းဆိုနိုင်ပါသည်။

တစ်ယောက်တည်း ငေါင်တောင်တောင်နဲ့ လမ်းလျှောက်ထွက်လာတဲ့မနက်ခင်း တစ်ခု။ နေရောင်ခြည် ကတော့ လောကကြီးရဲ့ဘောင်ကို မေးတင်ကာ ချောင်းကြည့်နေစဲပင်ရှိသေးတယ်။ မနေ့ညက စာဖတ်ရင်း ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိ၊အစောကြီးနိုးနှင့်နေပြီးဘာမှမယ်မယ်ရရလည်းလုပ်ရန်မရှိ၊လုပ်နိုင်ကိုင်နိုင်သည့်အနေအထားတွင်လည်း
မရှိတော့ ပျင်းရိပျင်းတွဲ နှင့်ဖြစ်နေတာလေးတွေလမ်းထွက်လျှောက်လိုက်ရင်များ ကောင်းသွားမလားဆိုတဲ့ အတွေး ချွန်ချွန်လေးတွေးပြီး အနွေးထည်အစုတ်လေးကိုထပ်ဝတ်ပြီး အိမ်မှထွက်လိုက်တယ်ဗျာ။ မနက်က ကောင်းကောင်းမလင်းနိုင်သေးတော့ ဒီလို နယ်မြို့လေးအတွက် လမ်းပေါ်မှာ လူသူရှင်းနေစဲပဲလေ။ အိမ်တံခါးပေါက်အပြင်မှ ကြိုနေနှင့်တဲ့ လတ်ဆတတဲ့လေနုအေး တွေကို အဆုတ်ထဲ အရောက်အားရပါးရ ရှိုက်သွင်းလိုက်ရင်း ခြေလှမ်းတွေကို စတင်ပြီး လှမ်းကြွလိုက်တော့တယ်ဆိုပါတော့။ဒါကျွန်တော့ရဲ့ မနက်ခင်းလမ်းလျှောက်ထွက်ခြင်းပေါ့ဗျာ။

နေထိုင်ရာလမ်းကြားလေးကအထွက် လမ်းမကြီးပေါ်အရောက်တော့ ရှေ့မှာ ငိုက်စိုက်ငိုက်စိုက်နှင့် အိပ်ချင်မူးတူး ပုံစံနှင့်လျှောက်နေတဲ့လူကြီး တစ်ယောက် ကိုလှမ်းတွေ့လိုက်ရတယ်။ ဘာရယ်မဟုတ်ပေမယ့် ကိုယ့်ဆရာရယ်.. ဒီမြို့ကမဟုတ်တာသေချာတယ်ဆိုတဲ့အသိ၊ ရန်သူမိတ်ဆွေ မခွဲခြားနိုင်သေးတဲ့ သတိတွေ ကြောင့်အရေးမစိုက်ဘဲ (အမှန်က အရေးမစိုက်ချင်ယောင်ဆောင်တာပါ။)ခြေလှမ်းမြန်မြန်  ဖြင့်ကျော်တက်လိုက်တယ်။  သိပ်မကြာတဲ့အချိန်
လေးမှာပဲ..နောက်ဖက်က `ဟေ့..လူလေး.. ငါ့ကိုစောင့်ပါဦးကွာ၊ ငါတစ်ယောက်တည်းလျှောက်ရတာပျင်းဖို့ ကောင်းပါတယ်ကွာ၊ ဒို့နှစ်ယောက်အတူလျှောက်ကြရအောင်´ ဆိုပြီး နွေးထွေးသည့်ဖိတ်ခေါ်သံကို ကြားလိုက်ရတယ်ဗျာ။မထူးတော့၊ ဒီလို နွေးထွေးသည့်အသံပိုင်ရှင်ဟာအန္တာရာယ်ပေးမယ့်သူမဖြစ်နိုင်ဘူးဆိုတဲ့ခပ် နုံနုံ အတွေးနဲ့ ပုဂ္ဂိုလ်ကို လေ့လာဖို့ရပ်နေရာကနောက်လှည့်ပြီး သမင်လည်ပြန်ကြည့်လိုက်တယ်။ လူပုံကတော့ အကြမ်းဖြင်းပြောရရင်တော့ အသက်အရွယ်အားဖြင့် ပင်စင်စားအရွယ်လောက်အသက်ကြီးပိုင်း၊ ဂျာကင် အနွမ်းလေးတစ်ထည်ကို ၀တ်ထားပြီးဘောင်းဘီထူထူနဲ့ ကျွန်တော့ထက်စာလျှင်တော့ သားနား သပ်ရပ်နေတာသေချာသလိုရှိနေတယ်ကိုယ့်ဆရာ။မျက်နှာက အိပ်ချင်စိတ်မပြေသေးပုံပဲဗျ။

အနားရောက်တော့ ပုဂ္ဂိုလ်က `မောင်ရင်လေးလည်း တစ်ယောက်တည်းမဟုတ်ဘူးမလားကွယ်။ဦးတို့နှစ်ယောက် အတူတူ လမ်းလျှောက်ကြတာပေါ့။နောက်စကားလေးဘာလေးပြောရင်းလျှောက်တော့စိတ်လည်းလန်းဆန်းတာပေါ့လေ..´တဲ့။ငြင်းဆန်
ရန်ခက်ခဲတဲ့လူကြီးလူကောင်းဆန်ဆန်ကမ်းလှမ်းမှုတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်လိုက်ပြီးမသိစိတ်ကလည်း
ကျေနပ်စွာလက်ခံမိလိုက်တယ်လေ။အတူတူလျှောက်လို့ရင်ဘောင်တန်းမိချိန်တော့..စကားစပြောဖို့ဘာပြောလျှင်ကောင်း
မည်ကိုတွေးနေစဲပဲလူကြီးက`မောင်ရင်ဘာဘာသာကိုးကွယ်လည်း´တဲ့`ကျွန်တော်ဘာဘာသာလည်း၊ဒါအရေးမကြီးပါ
ဘူးလေ။အရေးကြီးတာကျွန်တော်တို့နှစ်ယောက်အတူလမ်းလျှောက်ထွက်နေတာပေါ့။ဟုတ်တယ်မလားဗျာ။´
စကားအဆုံးမှာလူကြီးကဘ၀င်မကျဟန်နဲ့`ဒီလိုတော့လည်းဘယ်ဟုတ်မလဲကွယ်။ ဦးကသိချင်တာတစ်ခုတည်းပါ။
ဒါနဲ့မောင်ရင်ဘုရားသခင်ရှိတယ်ဆိုတာယုံလား။´ …တဲ့။`ယုံတယ်တော့မဟုတ်ဘူးပေါ့ဗျာ။ရှိချင်လည်းရှိမှာပေါ့။
မရှိရင်လည်းမရှိလို့ပေါ့။ကျွန်တော်စိတ်ထဲမှာဒီအတွက်အသင့်ထုတ်ပိုးပြီးတဲ့အဖြေမရှိတာပဲကျွန်တော်ဖြေနိုင်မယ်
ထင်ပါတယ်။အဲ..ရှိခဲ့ရင်တော့ဦးလိုအသက်ကြီးပိုင်းပင်စင်စားအရွယ်လောက်ဖြစ်နိုင်မယ်ထင်တယ်ဗျ။´..`ဟင်..ဟုတ်လား။
ဘာလို့လည်း..မောင်ရင်လေးကမြင်ဖူးတယ်လား။´`မြင်ဘူးတယ်တော့မဟုတ်ပါဘူးဗျာ။စိတ်ကူးနဲ့မှန်းဆကြည့်
တာပေါ့။ဦးပဲစဉ်းစားကြည့်လေ။ဧဒင်ဥယျာဉ်ဆိုတဲ့ခြံကြီးကိုဖန်ဆင်းတယ်ဆိုတော့ သူဟာပင်စင်စားတစ်ယောက်အနေ
နဲ့ခြံစိုက်ပြီးအပန်းဖြေချင်လို့ပဲနေမှာပေါ့။´`ဟား..ဟား..ဟား..မောင်ရင့်အတွေးအခေါ်မဆိုးဘူး။ဖြစ်နိုင်ခြေရှိတယ်။
ဟား..ဟား…ဟား။´သဘောကျစွာရီမောပြီးနောက်..`ဒီလိုကွယ့်မောင်ရင်ရဲ့..ဘုရားသခင်ဟာဘယ်အရာကိုမဆို
ဖန်တီးနိုင်တယ်။ဖျက်ဆီးနိုင်တယ်။ဖန်ဆင်းနိုင်တယ်။ဖျောက်ဖျက်နိုင်တယ်လေကွယ်။ဖန်ဆင်းနိုင်တယ်ဆိုတဲ့
ဥပမာအနေနဲ့မောင်ရင်ပြောသလို ပင်စင်စားဖိုးကြီးတစ်ယောက်အနေနဲ့လည်းပါတာပေါ့ကွယ်။ဟုတ်ပြီလား။´….တဲ့လေ။

ကိုယ့်ဆရာရေ..ကျွန်တော် ကျောထဲမှာ စိမ့်ခနဲခံစားလိုက်ရတယ်။ဒီလူကြီးဟာ ဘုရားသခင်လား။တစ်ကယ်လားဆိုပြီးမလုံတဲ့ အတွေးတွေနဲ့ လူကြီးကိုလှည့်ကြည့်မိလိုက်တယ်။ လူကြီးက `အမှန်ဘဲ မောင်ရင်။မင်းဘာတွေတွေးနေသလဲဆိုတာ ဦးသိပါတယ်။ဦးဟာ ဘုရားသခင်ပါပဲ။´..တဲ့။ကြည့်စမ်း… ထူးဆန်းပေစွ၊သောက်ကျိုးနဲ့။ငါဘုရားသခင်နဲ့ အတူတူ လမ်းလျှောက်ထွက်ရပြီပေါ့လေ။
`ဒါနဲ့..ပွင့်ပွင့်လင်းလင်း မေးရဦးမယ်ကွယ်။မောင်ရင် ..ဘုရားသခင်ကို၊ အဲ..ဦးကိုပဲဆိုပါတော့..ယုံသလား။မယုံကြည်ဘူးလား။
မောင်ရင့်အဖြေလေးတစ်စိတ်လောက်..´အနုနည်းနဲ့အဖြေတောင်းချေပြီ။ကောင်မလေးတော့မဟုတ် ..သို့သော်ရင်ခုန်မိတာတော့အမှန်ပဲဗျာ..ဘုရားသခင်ကမေးနေတာကိုး..။သူ့ကိုယုံလား၊မယုံဘူးလားတဲ့..။ခက်ချေပြီ။လူကြုံနှင့်
မေးလာလျှင်တော့ငြင်းကောင်း ငြင်းလိုက်နိုင်သည်။ဒါမှမဟုတ် ငြင်းရန် အားနာဖို့ရန်မလို။ခုတော့ သူကိုယ်တိုင်က လာမေးနေတော့
ငြင်းရခက်ကြီးဆိုသလိုဖြစ်နေပြီ်။ဒီလိုအခြေအနေမျိုးကိုယ့်ဆရာကြုံဘူးမလားမသိဘူးဗျာ။ဒါပေမယ့်ကောင်မလေးတွေတော့ ပိုနားလည်နိုင်မယ်ထင်တယ်။သူတို့ကအဖြေတောင်းခံရနေကြဟုတ်ဘူးလား။ဒါနဲ့ကျွန်တော်လည်း`နေပါဦးဗျာ။ကျွန်တော် ဦးကိုယုံတယ်မယုံဘူးဆိုတာဦးအတွက်..အဲ..ဘုရားသခင်၊ဆောရီးဗျာ..။´`ရပါတယ်မောင်ရင်၊မင်းအမြင်ထဲမှာ ဦးလေးကြီးဆိုတော့၊ဦးလို့ပဲခေါ်ပါ၊ရပါတယ်။´..တဲ့။အလဲ့..တယ်သဘောကောင်းတဲ့ဘုရားသခင်ပါလား..လို့တွေးကာပြုံးမိ
လိုက်သည်။`ဟုတ်တာပေါ့၊မောင်ရင်ရယ်။ဦးကအနတ္တမေတ္တာရှင်၊ဂရုဏာရှင်မလား။မောင်ရင် သဘောရှိအတိုင်းခေါ်ပါ။´..တဲ့။
ကျွန်တော်ကျေနပ်သွားတယ်ဗျာ…တော်တော်စည်းရုံးရေးကောင်းတဲ့ဘုရားသခင်ပဲ လို့လည်းတွေးမိလိုက်တယ်။`ဟုတ်ကဲ့၊ဒါဆို ခုန ကမေးတဲ့အတိုင်း ကျွန်တော် ဦးကို ယုံတာ၊မယုံတာ က ဦးအတွက် ဘယ်လောက်များအရေးကြီးတယ်ဆိုတာပေါ့နော်။ကျွန်တော် က သာမန်လူတစ်ယောက်ပါ။ဘာကြောင့် ကျွန်တော့်ကိုဒီလိုမေးရတာလဲပေါ့ဗျာ။´ `ဟား..ဟား..ဟား..၊ဦးကိုဒီလိုပြန်မေးတာ မင်းတစ်ယောက်ပဲရှိသေးတယ်၊ကျန်တဲ့လူတွေက ဦးဟာ ဘုရားသခင်လို့ပြောလိုက်တာနဲ့ တန်းပြီးတော့ကို ယုံပါတယ်ဆိုပြီး ဖြေတော့တာပဲ။မောင်ရင်ကတော့ မတူဘူး၊အဲ..မလွယ်ဘူးဆို ရင်ပိုမှန်မယ်။ ကဲ..အမေးရှိရင်လည်း အဖြေရှိရမှာပေါ့။ ဦးက လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးပွားများဖို့ အခွင့်အရေး၊ နောက်သေဆုံးစေချင်းပြစ်ဒဏ် ..နောက်နောင်တစ်ချိန်မှာ ထူထောင်မယ့်
ကောင်းကင်နိုင်ငံတော်.. အစရှိသည်ပေါ့ကွယ်။ဒါတွေကိုတော့ စာဖတ်များတဲ့ မောင်ရင်သိပြီးသားပါ။ဦးသိပါတယ်။ဒီတော့ ..ဦးချမှတ်ထားတဲ့လမ်းစဉ်၊ ဦးတည်ဆောက်ထားတဲ့ သဘောတရားတွေဟာ ဘယ်လောက်အတိုင်းအတာထိ ခိုင်မာနေသေးလဲ၊ဘယ်လောက်ထိလူတွေပေါ်ကိုလွမ်းမိုးနိုင်လည်းဆိုတာကို သိချင်တာ၊ဒါကတစ်ချက်ပေါ့။နောက်တစ်ချက်အနေနဲ့ မောင်ရင့်လို စာဖတ်နာတဲ့ ဘာသာခြားတစ်ယောက် က ဦးအပေါ်မြင်တဲ့အမြင်၊အဲဒါလေးပေါ့နော်..။ဘာသာခြားအနေနဲ့ မမေးဘူးတာကြောင့်လည်းပါတယ်လေကွယ်။အရင်မေးခဲ့တဲ့လူတွေက ဦးကို နက်နက်ရှိုင်းရှိုင်း မဟုတ်တောင်မှ အတော်အသင့် ယုံကြည်တဲ့ ဦးဘာသာဝင်တွေဖြစ်ကြတော့ ဦးအတွက် သူတို့တစ်တွေရဲ့အဖြေက ထပ်တူနီးပါးတူညီကြတယ်ကွယ်။ ဒါကြောင့်မောင်ရင့်လို ဘာသာခြားတစ်ယောက်ရဲ့ အမြင်၊အတွေးလေးကို သိချင်တာပေါ့။´ဘုရားသခင်လည်းသို့ကလို့ရှည်လျား
စွာရှင်းပြပြီးနောက်မောပန်းသွားဟန်နဲ့ခဏငြိမ်ပြီးရပ်နေတယ်ဗျာ။သူ့ကြည့်ရတာမောနေတယ်ထင်တယ်ဗျ။
`သြော်..ဘုရားသခင်လည်းမောတတ်သားပဲ´ဆိုတဲ့အတွေးလေးတွေးမိလိုက်ပြီး`အဲ..မဖြစ်ဘူး။ငါတွေးတာဘာလဲဆိုတာ သူသိတယ်။´ဆိုတဲ့အတွေးနဲ့ စောစောကအတွေးကို မောင်းထုတ်လိုက်ရတယ်။ဒါပေမယ့်မမီတောဘူး ကိုယ့်ဆရာရေ..။
`ဟုတ်တာပေါ့မောင်ရင်ရယ်။ဦးလည်း အသက်ကြီးပြီလေကွယ်။´…တဲ့။ ဟိုက်ရှားလဘား…. ဘုရားသခင်က အသက်ကြီးတတ်တယ်လား။စိတ်ထဲမှာဇဝေဇ၀ါနဲ့ ဘုရားသခင်ကို ထူးဆန်းစွာ ဒုတိယံမိ ပြန်ကြည့်မိတယ်။ ဘုရားသခင်ကတော့ ခပ်ပြုံးပြုံးပဲ။နောက်..`ကဲ..မောင်ရင်။မင်းအဖြေကိုဦးစောင့်နေတယ်ကွာ။မြန်မြန်လေး၊ပလိစ်။´…တဲ့။ဘယ်လိုလဲ။ကိုယ့်လူ။ယုံတယ်
ပြောလိုက်ရမှာလား။မယုံဘူးပြောလိုက်ရမှာလား။

ကျွန်တော်စဉ်းစားတယ်။ဘာပြန်ပြောရမလည်း။ကျွန်တော်ဆိုတဲ့လူကလည်း ယန်းပေါဆက်တို့၊အဲလ်ဘက်ကမူးတို့၊ အက်ဆက်နယူတန်တို့၊..အစရှိသဖြင့် ..ဘာတို့ညာတို့ဆိုတဲ့ အကြီးကြီးတွေရဲ့စာတွေကို မတောက်တခေါက်ဖတ်ပြီး သူတို့လိုပဲ ဘာကိုမှ လွယ်လွယ်မယုံပဲ သံသယ၀င်တတ်တဲ့ခပ်ကြောင်ကြောင်ကောင်မလားဗျာ။ဒီတော့ …`နေပါဦး..ဦး။ ဦးက အရာရာတိုင်းကို ဖန်တီးနိုင်တယ်။ဖျက်ဆီးနိုင်တယ်…ဆိုတော့ ဦးမလုပ်နိုင်၊မဖန်တီးနိုင်တာမရှိဘူးလို့ဆိုလိုတာပေါ့နော်။´ ဒီလိုမေးတော့ ဘုရားသခင်က မိန့်မိန့်ကြီးပြုံးပြီး..`ဒါပေါ့ကွယ်၊မောင်ရင်ရယ်။´..တဲ့။ ..ကဲ..ဒီတစ်ခါတော့ ငါ့အလှည့်ပဲကွဆိုတဲ့ အတွေးနဲ့ မေးဖို့စကားလုံးရှာ
ကြည့်တယ်။ ဘုရားသခင်ကတော့ ကျွန်တော်ဘာစဉ်းစားနေလည်းဆိုတာကို လိုက်စုံစမ်းနေတယ်နဲ့တူတယ်။ကျွန်တော့်ကိုမျက်တောင်မခတ်တမ်း ကြည့်လို့ဗျာ။ရီရတယ်နော်ကိုယ့်ဆရာ..။ဟဲ..ဟဲ..ဟဲ..။

`ဦးဟာအရာရာကိုဖန်ဆင်းနိုင်တယ်။လုပ်နိုင်စွမ်းရှိတယ်ဆိုရင်ကျွန်တော်တစ်ခုမေးပါရစေ။ဦး..ကိုယ့်ကိုကိုယ်
သတ်သေဖို့ကြိုးစားဖူးလား။စဉ်းစားဖူးလား။သတ်သေနိုင်သေလို့အာမခံနိုင်လား..။တစ်နည်းမေးရရင် ဦးကိုယ့်ကိုကိုယ်သတ်သေလို့ရနိုင်လားဆိုပါတော့´ကျွန်တော့အမေးအဆုံးမှာတော့ဘုရားသခင်မျက်နှာကတစ်မျိုး
ကြီးဖြစ်သွားတယ်ကိုယ့်ဆရာရေ။သူဇဝေဇ၀ါဖြစ်သွားတဲ့ပုံပဲဗျ။နောက်တော့ ကျွန်တော့်ကိုတွေတွေလေးကြည့်ပြီး..ဖြုန်းဆို ကျွန်တော့်ရှေ့က ၊ကျွန်တော့် မြင်ကွင်းက ပျောက်ခြင်းမလှ ပျောက်သွားရောဗျာ။ … ပြန်မတွေ့တော့တာ ခုချိန်ထိပဲ
ဆိုကြပါတော့လေ။

ကြိုတင်ပြင်ဆင်ခြင်း

မုန်တိုင်းပြီးလို့တစ်လ အကြာ(ဇွန်လ၊ ၂ ရက်နေ့၊တနင်္လာနေ့) မှာ အလှုခရီးတစ်ခုထွက်ဖို့ ကျွန်တော်တို့စီစဉ်နိုင်ခဲ့ပါတယ်။ဒီတော့ ၀ယ်စရာရှိတာတွေဝယ်၊ခွဲစရာရှိတာတွေခွဲပေါ့။လူတွေက ဒုက္ခသည်တွေအတွက် စားစရာပေးဖို့မမေ့ကြပေမယ့်၊ထည့်စားဆို့ ခွက်ယောက်၊ပန်းကန်တွေ ပေးဖို့ကို မေ့နေတတ်ကြတယ်လို့ တွေးမိကြပြီး စတီး ပန်းကန်တွေ၊ဇွန်းတွေ ၀ယ်ကြတယ်။နောက် ကလေးတွေ အတွက်လည်း စားစရာ မုန့်လေးတွေရောပေါ့။နောက် ထုံးစံအတိုင်းဆန်၊ဆီ၊ဆား ပေါ့ကိုယ့်ဆရာရယ်။အဲ.. ဆန်ကတော့ ဒီမှာဈေးကြီးမယ်ဆိုပြီး ကျုံမငေး ရောက်တော့မှဝယ်ဖို့စီစဉ်တာပေါ့လေ။ နောက်ကျွန်တော်တို့လမ်းမှာစားမယ့် မုန့်တွေ၊ခေါက်ဆွဲခြောက်တွေ၊သောက်ဖို့ ရေသန့်ဗူးတွေ၊ အားလုံးစီစဉ်ပြီးတော့ ၂ ရက်နေ့ နံနက်စောစော စထွက်မယ်ဆိုပြီး အတည်ပြုလိုက်ပါတယ်။

အသွားခရီး(၁)

စထွက်မယ်ဆိုတဲ့ စုရပ်ကို ရောက်တော့ ၇ နာရီ နည်းနည်းတော့ ကျော်ပါပြီ။ လူတွေ ကတော့ အစုံမရောက်သေးဘူးပေါ့လေ။ လူတွေစောင့်ရင်း ပစ္စည်းတွေ ကို သွားမယ့် လိုက်ထရပ် ကားလေးပေါ်တင် ပြီး လူစုံတော့ ထွက်ကြပေါ့ဗျာ။ အဖွဲ့ ကိုဦးဆောင်တဲ့ ကို ထွန်းဦး ကိုယ်တိုင် ကားမောင်း ပြီး ကိုတရုတ် က ဘေးကလိုက်ပေးပါတယ် ။ ကျွန်တော်အပါအ၀င် ကျန်တဲ့လူတွေကတော့ နောက်ကထိုင်လိုက်ကြတာပေါ့ဗျာ။လူကတော့ အားလုံးပေါင်း ၁၀ ယောက်တိတိပေါ့။ ရန်ကုန်၊လှိုင်သာယာ ဂိတ်ကျော်တော့ ၈နာရီကျော်….။

စထွက်လို့မှ မကြာလို့ ကားက ရေ စဆူပါတော့တယ်။ ဒီတော့ ထိုင်ခုံလှန်ပြီး ရေတိုင်ကီကို စစ်ကြဆေးကြနဲ့ ဘာမှ မဖြစ်တော့မှရေလဲပြီး ဆက်မောင်ကြပေါ့ဗျာ။ နောက်ရန်ကုန် နဲ့ ဧရာဝတီ တိုင်းအစပ်နားရောက်တော့ နောက်တစ်ခေါက်ထပ်ဆူ ပါတယ်။ စိတ်ထဲက တော့ ခပ်ထင့်ထင့် ပဲ ကိုယ့်ဆရာရေ။ ကိုယ်က ကောင်းမှုကုသိုလ် ပြုဖို့ သွားတာပဲ၊ဘာမှ မဖြစ်နိုင်ပါဘူးဆို ပြီး ဖြေချလိုက်တယ်။ ဒီလိုနဲ့ ညောင်တုန်းကိုကျော်၊ဗိုလ်မြတ်ထွန်းတံတားကြီး ကိုဖြတ် ပြီတော့ ပန်းတနော် လမ်းခွဲကိုကျော်၊ဒီအထိကတော့ချောချောမောမော ပါပဲ။ ပြောစရာဆိုလို့ မိုးကဖွဲဖွဲရွာတာလေးဘဲရှိတယ်။ နောက်ပန်းတနော် လမ်းခွဲကိုကျော်လို့မှ သိပ်မကြာခင်မှာ ဇာတ်လမ်းစပါရောဆရာရေ။
လမ်းက မိုးရွာလို့ချောနေတာ ကို ဘီး ကစလစ်ဖြစ်ပြီး ကားတစ်စီးလုံးထိန်းမရသိမ်းမရ ဖြစ်သွား၊၃၆၀ဒီဂရီ မကအောင်ချာလပတ်လည်ပြီး လမ်းဘေးကို နောက်ပြန်ကြီး ကျတာဆရာ။ကံကောင်းတာက နောက်က လမ်းဘေးသစ်ပင်က ခံနေတော့ နောက်အမိုးကိုင်းနဲ့ အဲဒီ သစ်ပင်နဲ့တိုက်ပြီး ကားရရပ်သွားရောဗျာ။ အဲဒီနားမှာ သစ်ပင်က လဲ အဲဒီအပင်အပါအ၀င်၂ ပင်ထဲရှိတာ။ကံကြီးလို့ပေါ့ နော်။ မဟုတ်လို့ကတော့ မာလက၊ဈာန်ကြွလို့ ညောင်တုန်း ဆေးရုံလား၊ရင်ခွဲရုံလား တစ်ခုခုတော့ တစ်ခုခု ပဲဗျာ။ကားအမိုးကိုင်းနောက်အစွန်းလေးကတော့ တော်တော် ပိန့်သွားတယ်ဗျာ။

နောက် ကားမောင်းတဲ့ ကိုထွန်းဦး ကို စိတ်တွေ အရမ်းလှုပ်ရှားနေလို့ အနားပေးပြီး ကိုတရုတ်က ၀င်မောင်းပါတယ်။ ပန်းတနော်လမ်းဆုံကိုပြန်သွားပြီး ကားကိုပြန်စစ်တော့ နောက်ဘီးတွေက တစ်ဘီး လေနည်း၊တစ်ဘီးလေများ နေတယ်တဲ့။ဘက်မညီဘူးပေါ့ ကိုယ့်ဆရာရယ်။ဒီတော့ ဘီးတွေကိုလေချိန်၊ ခဏနား၊လဘ္ဖက်ရည်သောက် ပြီးတော့ ၀ါးခယ်မ ကို ဆက်ထွက်ကြတာပေါ့။ ပြောစရာကတော့ ကားလမ်းဘဲဗျာ။ တောက်လျောက်ကို ဆိုးဝါးနေတာ။လူတွေလဲ ကျောတွေ၊ရင်တွေကို နာလို့ပေါ့။ ၀ါးခယ်မ ကို မရောက်ခင် အားလုံးက နားပြီး ပါလာတဲ့ဒံပေါက်ထမင်းကို စားကြ နားကြပေါ့။ အချိန်ကတော့ ၁ နာရီခွဲ….။

ဝါးခယ်မ ကိုကျော်တော့ လမ်းကပိုတောင်ဆိုးလာသလားဘဲဆရာ။တောက်လျောက် ငြိမ်ငြိမ် ထိုင်လိုက်ရတယ်ဆိုလို့ ရွေလောင်း တံတား မှာဘဲရှိတယ်။ကျန်တာတွေကတော့ ဆိုးပ ဆိုတာထက်တောင်လွန်နေသေးတယ်ဗျာ။ရွှံဗွက် လမ်းတွေကလဲ ပါသေးတယ်ဗျာ။ဒီလိုနဲ့ ညနေ ၃ နာရီခွဲလောက်ကျတော့ ကျုံမငေး ကိုရောက်ပါတယ်။ ကျုံမငေးမြို့ကမြို့ငယ်လေးပါ။အဲဒီမှာ ရန်ကုန်ကလာတဲ့ တခြားအဖွဲ့နဲ့ဆုံပါတယ်။သူတို့လည်းကျွန်တော်တို့သွားမယ့် အလယ်ရေကျော်ရွာကိုပဲသွားမယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုနဲ့ ၂ ဖွဲ့ညှိပြီးနောက်နေ့မနက်စောစော ၄ နာရီလောက်ထွက်ဖို့ သဘောတူလိုက်ကြတယ်။

တည်းခိုစရာက လည်း တည်းခိုခန်းက ၂ ခုပဲရှိတာဆိုတော့သိပ်ရွေးနေစရာမလိုဘူးပေါ့ဗျာ။ကမ်းနားနဲ့နီးတဲ့တစ်ခုမှာတည်းပြီး ရေချိုး၊အနားယူ၊ပြီးတော့ ညနေစာစားကြပေါ့။

ကျုံမငေးရောက် ဒုက္ခသည်များ

တည်းခိုခန်းမှာရေချိုးပြီးတော့ နားနေကျတုန်းကျွန်တော်တို့ အဖွဲ့ ဆီကို ၀၀ဖိုင့်ဖိုင့်၊အသက် ခပ်ကြီးကြီး လူကြီးတစ်ယောက်ရောက်လာပြီး မေးတာပေါ့တယ်။ ငါ့လူတို့ကဘယ်ကလဲ၊ဘယ်ကိုလဲ၊ဘာလုပ်ကြမှာလဲပေါ့။ ကျွန်တော်တို့ကလဲ အလှုပေါ့၊အလယ်ရေကျော်ရွာကိုပါပေါ့။
နောက်တော့ အပြန်အလှန်မေးကြ ဖြေကြရင်းနဲ့ သူ့အကြောင်းတွေကို သိခွင့်ရလာတော့ တော်တော်ကိုသနားစရာကောင်းပါတယ်ကိုယ့်ဆရာ။ သူက ပြင်စလူ သားတဲ့၊ဆားကွင်းတွေ၊ဆားဖိုတွေ ပိုင်တယ်။လပွတ္တ မှာလဲအိမ်ကြီးရခိုင်နဲ့ပေါ့။ဒီနာဂစ်လာတော့ သူ့မိသားစုတွေအကုန်၊ မိန်းမ၊သား ၂ ယောက် ၊ချွေးမတစ်ယောက်၊ညီမ၊ သမီးတွေ၊မြေးတွေ အကုန်အကုန် ရေထဲပါသွားတယ်တဲ့ဗျာ။လပွတ္တက အိမ်ကလဲ ပြိုတယ်တဲ့။ဒီနောက်တော့ သူ့သားတစ်ယောက်က အသက်ကယ်အင်္ကျီ နဲ့ ပါသွားတယ်လို့သိရလို့ ကြားပြီး ၊ရှင်နေတုန်းဆိုတဲ့မျှော်လင့်ချက်လေးနဲ့ သူ့ခမျာ အိုကြီးအိုမ နဲ့ မြို့တကာပတ်၊ကယ်ဆယ်ရေးစခန်းတိုင်းကိုသွား ပြီးရှာပုံတော် ဖွင့်နေရှာတာတဲ့လေ။စိတ်မကောင်းဘူးဗျာ။သူကပြောရှာပါတယ”ငါ့မှာ ပိုက်ဆံတွေ ဘဏ်ထဲကျန်ပါသေးတယ်၊ငါချမ်းသာပါသေးတယ်။ဒါပေမယ့်ငါစိတ်ကလုံးဝကိုမချမ်းသာဘူးကွာ။မင်းတို့မိဘတွေ မင်းတို့ကိုချစ်သလိုမျိုး၊မိဘတွေက သားသမီးတွေကို အားရပါးရချစ်တာမျိုး၊ငါ့မှာချစ်ခွင့်မရှိတော့ဘူး”တဲ့။ကျွန်တော်တို့လဲ သနားတာနဲ့ သူ့ကို ညနေစာ အတူစားဖို့ ခေါ်ပြီး အတူစားကြ၊၀ိုင်းအားပေးကြပေါ့ဗျာ။

နောက်ထမင်းစားပြီးလို့ကမ်းနားမှာ ဟိုကြည့်ဒီကြည့်လိုပ်နေကြတုန်းမှာ လူတစ်ယောက်က “ကျွန်တော့သမီးလေးတော့ ဒုက္ခပါပဲ၊နားရွက်လေးတော့ အဖြတ်ခံရပြီထင်ပါတယ်။ကျွန်တော့သမီးလေး..ကျွန်တော့သမီးလေး” နဲ့ပြောနေတဲ့လူတစ်ယောက်ထပ်တွေ့ပါရောဗျာ။ကျွန်တော်တို့လဲ မေးကြမြန်းကြပေါ့။ဒီလူက ပိုဆိုးတယ်ဗျ။ စိတ်နဲ့လူနဲ့တောင်မကပ်တစ်ချက်ကပ်တစ်ချက်နဲ့၊ပြောရရင်တော့နည်းနည်းတော့ ကြောင်နေသလိုပဲ။ ဟုတ်ပေမပေါ့ဗျာ။ သူ့မှာက
တွယ်တာစရာဆိုလို့ဒီသမီးလေးတစ်ယောက်ပဲရှိတာတဲ့။မိန်းမက သမီးခပ်ငယ်ငယ် ကပဲသေသွား၊ဒီသမီးလေးကိုပဲ အရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်နေရတာ၊ဒီသမီးလေးကသာသူ့ဘ၀တဲ့။ချစ်လွန်းလို့ရှိစုမဲ့စုလေး နဲ့ ရွှေနားကပ်လေး တစ်ရံဝယ်ပန်ပေးထားခဲ့တာ၊ခု သမီးလေးက ရေထဲပါသွားတယ်။နောက်အလောင်းတွေက ရွှေ တွေ ငွေတွေ ရှိရင် ချွတ်ယူတယ်၊မရရင်ဖြတ်ပြီးယူတယ်ကြားတော့ သူ့ခမျာခုလိုဖြစ်ရှာတာပေါ့ဗျာ။ကျွန်တော်တို့လဲသူ့ကိုချော့မော့ပြီး ပြန်ထွက်လာခဲ့ရတယ်။

ကျုံမငေးမှာ မြို့ခံတွေဆီက ကြားရတဲ့ တူညီတဲ့ သတင်းစကားတွေက တော့ အရောက်အပေါက်နည်းတဲ့ရွာသိမ်ရွာငယ်လေးတွေဆီထိရောက်အောင်သွားပေးကြပါ၊အဲဒီလိုဆိုပိုကောင်းပါတယ် ဆိုတာပါပဲ။နောက်တစ်ချက်ကတော့ ထုံးစံအတိုင်း ရိပ်စားဖြတ်စားတွေ အကြောင်းပေါ့။ညစ်ပါတယ် ကိုယ့်ဆရာရယ်။ဒါတွေက နေရာတိုင်းကိုကြားနေရတယ်ဗျာ။ညရောက်တော့ ကိုယ်တိုင်ျိကြုံရပါလေရောဗျာ။ လူတစ်ယောက်က တည်းခိုခန်းရှေ့ကျွန်တော်တို့ထိုင်နေတဲ့ နေရာနားမှာလာပြီး အထုပ်တစ်ထုပ်ကိုင်လို့ တစ်ကြွားကြွားနဲ့။ကြည့်လိုက်တော့ အိန္ဒိယ က အကူအညီပေးတဲ့ ပစ္စည်းထုပ်ဖြစ်နေတယ်။ မီးဖိုစင်အသေးလေး၊လောင်စာခဲလေး ၄/၅ တုံးနဲ့ ၊ပြီးတော့ မီးခြစ်ဗူးလေးတစ်ဘူး၊ကျန်တာတွေကတော့ ဂျုံနဲ့နယ်ထားတဲ့ စားစရာတွေလို့ပြောတာပဲ။ချာပါတီတို့၊ပူရီ တို့လိုများမသိဘူးဗျာ။
ဒီလူက အရက်လေးလဲနည်းနည်းဝင်ထားတယ်ဗျ၊နာမည်ကတော့ လှမင်းဆိုလား၊လှဝင်းဆိုလားပဲ။အဲ..ဒါနဲ့စောစောက သားပျောက်ရှာနေတဲ့ အဖိုးကြီးက မေးတာပေါ့။သူကလဲညစ်နေတာမဟုတ်လား။”ဒါတွေကဒုက္ခသည်စခန်းကပေးတာလား၊
မင်းကဘယ်စခန်းကလဲ”ဆိုပြီးမေးတော့ ဟိုလူကလဲ “ကျုပ်က ပြင်စလူကပါ”ဆိုတော့ အဖိုးကြီးက ဒေါတွေကန်ပြီး အဲဒီလူခါးကြားက လမ်းလျှောက်စကားပြောစက် ကို ဖျက်ကနဲ ဆွဲယူပြီး “ဒါကရော၊ဒုက္ခသည်စခန်းကပေးတာပဲလား” လို့ဘုမေးတော့ ဟိုကလူက ၀ူးဝူးဝါးဝါးတွေဖြစ်ကုန်ရော။ရုပ်ပျက်လွန်းပါတယ်ဆရာ။

၉နာရီလောက်ကျတော့ မနက်စောစောထရအောင် ဆိုပြီးအိပ်ရာဝင်ကြပါတယ်။ကျွန်တော်ကတော့ အိပ်သာအိပ်ရတာပါ။အိပ်မပျော်ဘူးဗျာ။ညနေကကြုံခဲ့တဲ့လူတွေရဲ့ ဒုက္ခ၊မဖြစ်သင့်တာတွေဖြစ်နေတာတွေ၊ကျွန်တော်အိပ်မရဘူးဗျာ။
လူ့အသက်ပေါင်းများစွာကိုဝါးမျိုခဲ့တဲ့ နာဂစ်ရဲ့လှိုင်းတွေက ကျွန်တော့ရဲ့ရင်ကို တ၀ုန်းဝုန်းနဲ့ ပုတ်နေလို့ပါကိုယ့်ဆရာရယ်။နောက်တော့ တစ်ချက်မှေးခနဲဖြစ်သွားပြီး၊ကိုထွန်းဦးလာနိုးသံကြားတော့မှ ပြန်နိုးလာတယ်။နာရီကြည့်တော့ ၂နာရီ ၄၅ …..။

အသွားခရီး(၂)

သဘောင်္ဆိပ်ကိုရောက်တော့ မှောင်နဲ့မဲမဲ ပဲရှိသေးတယ်ဗျ။ ကျွန်တော်တို့နဲ့အတူသွားမယ်ဆိုတဲ့ ဟိုဘာသာခြားအဖွဲ့ကိုလဲမတွေ့သေးဘူး။
ဒါနဲ့ပဲငုပ်တုပ်လေးတွေထိုင်စောင့်နေကြရင်းပဲ ၄နာရီခွဲသွားပါရော။သူတို့တွေရောက်လာကြတော့ သူတို့ ပစ္စည်းတွေပဲ့ထောင်ပေါ်တင်ကြပေါ့။ကျွန်တော်တို့ဆန်အိတ်တွေကတော့ တင်နှင့်ပြီးသားဆိုတော့ ဆက်ထိုင်စောင့်နေကြရုံပါပဲ။နောက်တယက်ထွက်ဖြစ်တဲ့အချိန်ကြတော့ ၅နာရီစွန်းစွန်းလေးဖြစ်နေပါပြီ။ပဲ့ထောင်ပေါ်မှာလဲ ညကကောင်းကောင်းမအိပ်ခဲ့ရတော့ ဆက်ပြီးမှိန်းလိုက်လာခဲ့လိုက်တာ၊အလယ်ရေကျော်ကိုရောက်တော့မှဘဲနိုးတော့တယ်။ ၃နာရီနီးပါးစီးလိုက်ရတာပေါ့ဗျာ။နာရီကြည့်တော့ ၈ နာရီနားမှာ….။

အခက်အခဲအချို့ နဲ့အစပြုခြင်း

သိတဲ့အတိုင်းပဲကိုယ့်ဆရာရေ။ဘယ်အလုပ်မဆိုကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ်ပေါ့။လုပ်မယ်ဆိုတိုင်းအနှောက်အယှက်၊အခက်အခဲလေးတွေ
တော့ ကြီးကြီး၊သေးသေး ရှိတတ်မြဲမဟုတ်လားဗျာ။ ကျွန်တော်တို့စီးလာတဲ့ပဲ့ထောင်နဲ့က မနေ့ ညနေကညှိတော့ ကောင်းပဲ၊ဒီလဲရောက်ရော၊မဟုတ်ဘူး .. ဟိုလိုမှ ဆိုပြီးဖြစ်သွားရောဗျာ။ကျွန်တော်တို့စီစဉ်တာက သိပ်မပျက်ဆီးလှတဲ့အလယ်ရေကျော်ရွာမကြီးမှာ သိပ်များများမလှုတော့ပဲ အနီးအနားက ရွာငယ်လေးတွေဆီကိုအဓိက ထားမယ်ဆိုပြီးတော့ပါ။သူက ဒီရောက်တော့မှ ဒီလမ်းကြောင်းဆို သူမလိုက်ဘူး၊သူပြတဲ့လမ်းကြောင်းကိုကျွန်တော်တို့သွားနိုင်မှဘဲ လိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာဗျ။လူတွေကလဲ တော်တော်ကိုမကောင်းတာပါ။
သူထင်တာ ကျွန်တော်တို့က ဒီနေရာမှာ အစိမ်းသပ်သပ်လို့ထင်ပုံပဲ။ ကျွန်တော်တို့အဆက်အသွယ်၊အသိအကျွမ်းတွေ ဒီမှာရှိနေတာကို သူတို့သိပုံမရဘူးဗျ။ဒါနဲ့ စကားသိပ်များများပြောမနေတော့ပဲ၊ရွာခံအသိတွေကို မြန်မြန်သာဆက်သွယ်ပြီး
သူ့လောက်မကြီးတဲ့ပဲ့ထောင်လေးတစ်စီးငှားပြီးစကြရတယ်လေ။ ဒီနေရာမှတစ်ချက်ပြောချင်တာက တော့ ၊
ဒီရွာမှာလဲကျုံမငေးမှာတုန်းကလိုပဲ၊ ဘတ်ကီးဇာတ်လမ်းတွေ ကိုမကြားချင်တဲ့အဆုံးဗျာ။ရာအိမ်မှုး၊ဆယ်အိမ်မှုးတွေကလာသမျှကို
ရွာသားလက်မဝေဘဲ အိမ်ထဲထည့်သော့ခတ်ပြီး ၀လင်နေတဲ့အကြောင်းတွေပေါ့။ရွာခံ အိုအိုပျိုပျိုတွေက တိုးတိုး တစ်မျိုး၊ကျယ်ကျယ်တစ်ဖုံနဲ့ ကျွန်တော်တို့မကြား၊ကြားအောင်ကို ရွာလယ် အ၀င်လမ်းမ တစ်လျှောက် ကို ပြောနေတော့တာပါ။

ဒီလိုနဲ့ ပဲ့ထောင်လေးငှားရတော့ ရွာခံ ဦးပဇင်းတစ်ပါးက သူကူညီပြီးလိုက်ပေးမယ်တဲ့။ ဦးဇင်းက ရွာက ကျွန်တော်တို့အသိတွေနဲ့က ဆွေမျိုးမကင်းဘူးဆိုပါတော့ဗျာ။နောက်ပဲ့ထောင်လိုက်မောင်းပေးတဲ့ညီလေး၂ယောက်ရောပဲ၊အကုန်ရပ်ဆွေရပ်မျိုးတွေပဲတဲ့။
ကျေးဇူးတင်ပါတယ်ဗျာ။တကယ်ပါ။သူတို့ကလဲ သူတို့ဆီလာပြီးကူညီတဲ့သူတွေကို အားတက်သရောပဲပြန်ကူညီကြတာပေါ့။
ပဲ့ထောင်သွားခေါ်နေတုန်းရွာခံတွေက ရွာနားလယ်ကွင်းတွေဆီခေါ်သွားပြီးအ ရိုးစုတွေရှိတဲ့နေရာတွေကို ပြကြတယ်ဗျာ။ရင်ထဲမှာတော်တော်ကို မကောင်းဘူးဗျာ။ ဒီကြားထဲ အရိုးစုတစ်ခု ရှိနေတဲ့ ရေမြောင်းလေးထဲကို ကိုယ်ကမသိဘဲခြေဆင်းဆေးမိလိုက်သေးတယ်။ အရိုးစုကို ထန်းလက်တွေနဲ့ဖုံးထားတာလေဗျာ။နောက်တွေ့တဲ့လူက “ဟေ့..ညီလေး ၊ဒီထဲမှာလဲတစ်ခုရှိတယ်နော်” ဆိုတော့ မှသိတာ။ ဗိုက်ထဲမှာ ကလိကလိနဲ့ ၊ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ပြန်ငုံကြည့်ပြီး ကလိကလိ ဖြစ်ဖြစ်သွားတယ်ကိုယ့်ဆရာရေ။ဒီလိုနဲ့ ပဲ့ထောင်ကိုဆီဝယ်ထည့်၊
ကုန်တွေကိုပြန်ပြောင်းတင်နဲ့ လုပ်ကြတယ်လေ။စထွက်ဖြစ်တော့ ၁၁ခွဲကျော်……။

အလှုခရီး

စထွက်ထွက်ချင်း ၀င်ဖြစ်တာက ရေကမြင်း ၂ တဲ့။ရေကမြင်းက ၁ နဲ့ ၂ ဆိုပြီးရှိတာတဲ့။
ရွာကစေတီနဲ့ဘုန်းကြီးကျောင်းပျက်ပဲကျန်တယ်ဗျာ။ဘုန်းကြီးတွေကတော့ တော်တော် ကို အသက်ကြီးနေကြပါပြီ။
ကျောင်းထိုင်တဲ့ဆရာတော်ကြီးဆိုရင်ကို အသက်က ၈၀ ကျော်နေပြီတဲ့ဗျ။ဒီတော့ ဆရာတော်ကြီးဆီကို ဆန်တစ်အိတ်နဲ့ဝတ္တုငွေတစ်သောင်းအရင်လှု၊ပြီးတော့မှ အနီးအနားက တဲကုတ်လေးတွေကို အဖြစ်ထိုးပြီးနေတဲ့ဒုက္ခသည်တွေ ကိုဆန်ဝေ၊ပန်းကန်တွေဝေပေါ့။အိမ်ထောင်စုကသိပ်မများတော့ မြန်မြန်သွက်သွက်ပဲဝေ လိုက်နိုင်ပါတယ်။ လူတစ်ဦးကိုဆန်တစ်ပြည်နှုံးနဲ့ဝေ၊တစ်အိမ်ထောင်ကို ပန်းကန်ကြီးသေးတစ်စုံနဲ့၊ဇွန်းက ၂ ချောင်း ။ကလေးတွေအတွက်က တော့ပါသွားတဲ့ မုန့်(ဘီစကွတ်)ထုပ်လေးတွေဝေပေးနဲ့ ပေါ့ကိုယ့်ဆရာရေ။

နောက်တစ်ရွာက ကံစုတဲ့။ဒီမှာတော့ လူဦးရေကတော်တော်များသားလားဗျာ။ ရွာရှိတဲ့နေရာ တင်မကဘူး၊ချောင်းရိုးတစ်လျှောက်
တဲလေးတစ်ခုနှစ်ခုနဲ့ ခွဲနေ နေကြတဲ့အိမ်လေးတွေတွေ့တော့ ၊တွေ့သမျှ ကို “ရှေ့ကိုလာကြ၊ဘယ်ရွာကိုလာကြ၊ဆန်ပေးပါမယ်” ဆိုပြီးခေါ်ခဲ့တာ၊လူကြီးရောကလေးတွေပါမကျန်လှေလေးတွေကိုယ်စီလှော်လို့လာကြတယ်ဗျာ။တစ်ချို့ အရမ်းအလှမ်းဝေးတဲ့ အိမ်ကလူတွေကတော့ ရှိတဲ့လှေလေးတွေနဲ့ ကျွန်တော်တို့ပဲ့ထောင်လေးနားလာကပ်ပြီးယူသွားရှာတယ်။ နောက်လမ်းမှာ လူကြီးတွေ မရှိဘဲ ကလေးတွေပဲရှိနေတဲ့ တဲလေးတွေကိုတော့ မုန့်ထုတ်လေးတွေ ပဲလှေပေါ်ကနေ လှမ်းပစ်ပေးလိုက်နိုင်တယ်ဗျာ။ ကမ်းပေါ်မရောက်ပဲရေထဲပဲကျလို့ရှိရင်လဲ ရေထဲ ကို ဒိုင်ဗင်ထိုးဆင်းပြီး ရေကူးလို့ လိုက်ယူကြတာ ဗျာ။သနားစရာကောင်းပုံများ ကိုယ့်ဆရာတို့ကို မြင်စေချင်တာ။တစ်ကယ်ဗျာ။အဲ.. ပြောရင်း လိုရင်းကမရောက်တော့ဘူးဖြစ်နေပြီ။ အဲဒီကံစုမှာတင် ဆန်အိတ် ၈အိတ်၊၉အိတ်လောက် ဝေလိုက်၊လှုလိုက်ရတယ်။အချိန်လည်း၁ နာရီခွဲ ၂နာရီ နီးပါးလောက်ကုန်သွားတယ်။ဒီထက်ပိုထူးတာက လာတဲ့ကျွန်တော်တို့ကို ရွာက လူတွေက ၀ိုင်းရှစ်ခိုးကြတာပဲ။ပါးစပ်ကလဲ ဆုတွေတောင်းလို့ပေါ့။နောက်ပြီးတော့ ပြောသေးတယ်။
“ဘာကိုပဲလာပေးပေး၊ဘယ်လောက်ပဲလာပေးလာပေး၊ ကျေးဇူးတင်တယ်တဲ့။ကျွန်တော်၊ကျွန်မတို့ဘ၀က ဘာဆိုဘာမှရှိတော့တာမဟုတ်ဘူးတဲ့” ..ဗျာ။ဘယ်လောက်များ ဟတ်ထိတဲ့ စကားတွေလဲ ဗျာ။ကျွန်တော်တို့လှေပေါ်ပြန်တက်လို့ သွားမယ်ဆိုပြီးလက်ပြတော့လဲ အမယ်အိုကြီးတစ်ယောက်က အနားကမခွာပဲ လက်အုပ်လေးချီပြီး ပါလာတဲ့ဦးပဇင်းလေးကိုရှစ်ခိုးတုန်း။
ကျန်တဲ့လူတွေရော၊လှမ်းကြည့်လိုက်တော့ တော်တော်များများက လက်အုပ်လေးအချီမပြတ်ပါပဲ။

နောက်ဆက်ဝင်ဖြစ်တဲ့ရွာကတော့ ထင်းစုတဲ့ ။ဒီရွာကိုတော့လက်ရောက်မဝေဖြစ်တော့ပါဘူး။ တာဝန်ရှိတဲ့လူ ခေါ်၊ ပြီးတော့ ရပ်မိရပ်ဖတွေ ကိုလည်းခေါ် ပြီး အားလုံးရှေ့မှာဆန်အိတ်တွေ၊ ပန်းကန်ခွက်ယောက်နဲ့ဇွန်းတွေကို ခွဲတမ်းနဲ့ချပေးပြီး အပ်ခဲ့တာ၊ပြီးတော့ ရွာသားတွေအားလုံးရှေ့မှာပဲ ရာအိမ်မှုးဆိုတဲ့လူ ကို အကုန်ဝေပေးပါမယ်ဆိုတဲ့ ဂတိကို တောင်းပြီးတော့ ထားခဲ့ရတယ်ပေါ့ဗျာ။ အချိန်ကမရှိတော့ဘူးလေ။နောက်ရွာတွေလဲဝင်ရ၊ပေးရဦးမယ်မဟုတ်လား။အဲဒီက ထွက် လို့မှ ချောင်းကြီးကိုဝင်၊အဲဒီက ပြန်အထွက်မှာပဲ မိုးကြီးကလဲဗျာ၊ဘယ်အငြိုးနဲ့ ရွာတာလဲတော့ မသိတော့ဘူး။တစ်ဝုန်းဝုန်းနဲ့ဗျာ။ပဲ့ထောင်လေးကမှ အမိုးအကာကောင်းကောင်းမပါတော့ကျွန်တော်တို့မှာ ရွှဲရွှဲ ကိုစိုရောဗျာ။တစ်လမ်းလုံးပဲဆိုပါတော့။ ဒီနေရာမှာတော့ ဦးပဇင်း ကိုတော့ တော်တော် ကို ချီးကျူးရမှာပဲဗျာ။မိုးရွာထဲမှာပဲ ပါလာတဲ့မိုးကာနဲ့ ဆန်အိတ်တွေကို လိုက်ပြီးမိုးရွာကြီးထဲ လိုက်ဖုံးနေတာလေ။ အမှန် သူမလုပ်ပဲ ကျန်တဲ့ကျွန်တော်တို့ကို ခိုင်းလဲရ ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးလုံးဝမရှိဘဲ သူကိုတိုင် တက်တက်ကြွကြွ ပဲလုပ်စရာရှိတာတွေကို လိုက်လုပ်ပေးတယ်ဗျာ။ လေးစားမှုဆိုတာ ကိုယ်က လုပ်ယူပါမှ၊ကြိုးစားပါမှ ခံယူခွင့်ရှိတာမဟုတ်လားဗျာ။ ဘာမှမလုပ်ပဲ သတင်းစာတွေထဲက နေပြီး၊ငွေကျပ်သန်းပေါင်းဘယ်ရွေ့ ၊ဘယ်မျှ သုံးစွဲခွင့်ပြုပြီးကြောင်း အသံကောင်းဟစ်နေတဲ့ သူတွေနဲ့များကွာချင်တိုင်းကွာနေတာပေါ့ကိုယ့်ဆရာရယ်။သိရသလောက်တော့ သီတဂူဆရာတော်ကြီး၊ဓမ္မဓူရ ဆရာတော်၊ မေတ္တာရှင်ဆရာတော် အစရှိတဲ့အနယ်နယ်အရပ်ရပ်ကထေရ်ကြီး၊၀ါကြီး ဆရာတော်ကြီးများကလဲ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကိုယ်တော်တိုင်ပဲ တက်တက်ကြွပဲ ဦးစီးလို့လုပ်ကိုင်နေကြတယ်တဲ့။မြန်မာနိုင်ငံမှာသံဃာဂိုဏ်းဆိုတဲ့
ကယ်တင်ရှင်ဂိုဏ်းကြီးရှိနေလို့ပါပဲဗျာ။ဆရာတော်၊သံဃာတော်တွေရဲ့ကျေးဇူးကြောင့်သာပဲ။စစ်အစိုးရရဲ့ အသုံးမကျ၊ခြစားပြီး လောက်ထွက်နေတဲ့ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့သာဆိုရင်တော့ဒီလိုဘေးဆိုး၊ကပ်ဆိုးကြီး မှာကယ်မယ့်ဆယ်မယ့်
သူမရှိဘဲ ငတ်သေမယ့် မသာတွေများ ဘယ်လောက်တောင်ရှိလာလိုက်မလဲမသိတော့ဘူးဗျာ။

နောက်ဆက်တိုက်ပဲ တွေ့တဲ့ရွာလေးတွေကို မိုးထဲရေထဲမှာပဲ ၀င်ပြီးခွဲတမ်းနဲ့ချပေးလိုက်တာ စုစုပေါင်း ရွာလေး၆ရွာတိတိ ကျွန်တော်တို့တွေ ကုသိုလ်ယူနိုင်လိုက်ပါတယ်။အဲ .. နောက်ဆက်ဝင်တဲ့ရွာလေးတွေက တော့ ချောင်းကြီး ၊မြင်းကကုန်း နဲ့ ရေကမြင်း၁ ဆိုတဲ့ရွာလေးတွေပါပဲ။ လမ်းတစ်လျှောက်ကတစ်ချို့နေရာတွေမှာ ဟိုတစ်ချိန်က တဲအိမ်လေးတွေရှိခဲ့ဖူးတဲ့ အမှတ်အသား လေးတွေ အဖြစ်နဲ့မြေပုံပုံလေးတွေ ၊ လူသေ အလောင်းတွေရှိတဲ့ လက္ခဏာအဖြစ်နဲ့ ပုတ်အတ်အတ် အနံတွေ မကြာမကြာ ပဲ တွေ့ရ ၊ခံစားနေရတယ်ကိုယ့်ဆရာရေ။ရင်ထဲမှာ တစ်ကယ်ကိုမကောင်းဘူးဗျာ။ရွာခံတစ်ချို့ကလဲ ဒီနဲ့၃နာရီခရီးလောက်မှာ ဒုက္ခရောက်နေတုန်းလူတွေ၊ရွာတွေရှိနေသေးတဲ့အကြောင်း၊တစ်ချို့ရေငန်ရောက်တဲ့ဒေသတွေမှာဆို အလောင်းကောင်တွေက ငါးခြောက်သိပ်သလို ဖြစ်ပြီး အကောင်အထည်မပျက်ရှိနေသေးတဲ့ အကြောင်းပြောပြကြသေးတယ် ဆရာ။ဒါတွေကြားရတော့ စိတ်ထဲမှာ
တို့နိုင်ငံကလူတွေ၊ပြည်သူတွေဟာ ရှင်နေတုန်းကမှ အခွင့်အရေးတွေကို လှစ်လျုရှု ခံရ၊ငြင်းပယ်ခံနေရတာမဟုတ်ပါလား၊
သေပြီးနောက်လဲ လူလူသူသူ မြေမြုပ်ပေးပြီးသဂြိုလ် ခံရတဲ့ အခွင့်အရေးကိုလဲ ငြင်းပယ်ခံနေရပါလားလို့တောင် အတွေးတွေဝင်လာတယ်ဗျာ။

မြင်ရကြားရမျှ

နောက်အလယ်ရေကျော်ရွာမကို ပြန်ရောက်တော့ ညနေ၃ နာရီခွဲကျော်နေပြီလေ။ အဲဒီတော့မှ ရေစိုအ၀တ်တွေကိုလဲ ပြီးတော့ရွာခံအသိတွေကျွန်တော်တို့အတွက်အသင့်ချက်ပေးထားတဲ့ ထမင်းနဲ့ဟင်းကို စားပြီး ခဏနားပေါ့။ ပြီးတဲ့နောက်မှ ရွာထဲကို အပျက်အစီးအခြေအနေလေးသိရအောင်စနည်းနာပေါ့ဗျာ။တွေ့၊ကြားခဲ့တာတွေကတော့ တစ်ရွာလုံးမှာရှိတဲ့ ဒုက္ခသည် ထောင်ကျော်အတွက် ရွက်ဖျင်တဲက တစ်လုံး၊ဆန်က၂အိတ်၊အမျိုးသမီးလစဉ်သုံးပစ္စည်းက ၂ ထုတ်၊ခြင်ထောင် ၅ လုံးတို့ဆိုတာမျိုးပေါ့ကိုယ့်ဆရာရယ်။နောက် ပြီး ရဟတ်ယာဉ်က အတည့်မဆင်းပဲ ဘာဖြစ်မှန်းမသိပဲ လယ်ကွင်းထဲကို ထယ်ထိုးသလို ဟတ်ထိုးကြီးဆင်း၊ အဲဒီတော့ သတ္တိခဲ ရဟတ်ယာဉ်မှုးက ပေါက်ကွဲတော့မယ်အမှတ်နဲ့ ဆင်းပြေးတာကို ရွာသားတွေက နောက်ကနေ ပြီး” ဗိုလ်ကြီး..ဘာမှမဖြစ်ဘူး၊ပြန်လာခဲ့..ပြန်လာခဲ့” ဆိုပြီးမမောတမ်းလိုက်ခေါ်ရတာ၊ဒါမျိုးတွေလဲ ဒုက္ခတွေကြားကရယ်စရာလေးတွေအဖြစ်၊ ငိုအားထက်ရယ်အားသန်ဆိုသလိုကြားခဲ့ရတယ်ဗျာ။နောက်ပြီး မြန်မာတို့က မျက်လှည့်အတတ်ပညာမှာ အနောက်နိုင်ငံများက ဒေးဗစ်ကော်ပါဖီးတို့ထက်သာတဲ့အကြောင်းတွေလဲပါတယ်ဗျ။ရှင်းအောင်ပြောပြပါ့မယ်။
ဒီလိုပါ။ ကယ်ဆယ်ရေးပစ္စည်းတွေကို လာပို့တယ်တဲ့ဗျာ။ အာဟာရ ဘီစကွတ်တို့ဘာတို့ဆိုပါတော့။ ဂျပ်ပုံးပေါ်မှာတော့ ဗီတာမင် အေ ကနေ ဇတ် အထိပါတဲ့ အမှန်အကန် အာဟာရဘီစကွတ်တွေပဲ ၊ အဲ….ဂျပ်ပုံးလဲဖွင့်ရောတွေ့လိုက်ရတာတွေက ရွှေကျီးတို့၊ မြို့တော်တို့၊ သဇင်တို့အစရှိတာတွေပေါ့ဗျာ။နောက် အိန္ဒိယကပေးတဲ့ လူတစ်ကိုယ်ရေအတွက် အထုတ်လေးတွေမှာလဲ အိတ်ခွံပေါ်မှာတော့ အိန္ဒိယ မှကူညီသည် ဆိုတဲ့ စာသားနဲ့ပဲ၊ နောက် အထဲမှာပါတာတော့ ဈေးပေါပေါ ၀မ်းတွင်းပုဆိုးတို့၊ စက်မှု(၁) ရဲ့ရေလျှော်မခံတဲ့(ရေလျှော်ရင်နှစ်ပိုင်းပြတ်တတ်တဲ့)စောင်တို့ပါလာတတ်ပါတယ်တဲ့။နောက် ထိုင်းကပေးတဲ့ မယ်လမင်း ပန်းကန်တွေဆိုလဲဒီလိုပါပဲတဲ့။ဗူးပေါ်မှာတော့ မယ်လမင်းပဲ၊အထဲမှာတော့ စက်မှု(၁) က ကြွေရည်သုတ်တွေ။ တစ်ချို့ဆို ဒေါသတွေထွက်ပြီး သူတို့ရှေ့မှာတင်ကို အဲဒီ ကြွေရည်သုတ်တွေကို မြေပေါ်ချပြီး ခဲနဲ့ထု၊ဖနောင့်နဲ့ဝိုင်းပေါက်ကြနဲ့ ပွဲတောင်ဖြစ်တယ်ဆိုပဲ။ဒါတွေပေါ့ ဗျာ။ကျွန်တော်တို့လဲ ကြားရတာ ရယ်လိုက်မောလိုက်၊စိတ်မကောင်းဖြစ်လိုက်နဲ့ ပေါ့ကိုယ့်ဆရာရေ။

အဲ..ပြောဖို့မေ့နေတာက ကျွန်တော်တို့နဲ့ အတူလာကြတဲ့ ဘာသာခြား တွေက ဒီရွာမှာရှိတဲ့ သူတို့ဘာသာဝင်တွေအတွက် ကို နွား၃ကောင်သတ်ပြီး ထမင်းကျွေးတာတဲ့ဗျာ။ကျွန်တော်တို့ မထွက်ခင်ကပဲ နွားကိုလည်လှီးနေတာ ကျွန်တော်တို့ရှေ့မှာတင်မို့ ကျွန်တော်တို့တွေ့လိုက်ရသေးတယ်။အဖွဲ့ထဲက ကိုမျိုးချစ်ကတော့ လယ်လုပ်သားမျိုးရိုးကဆင်းသက်လာတဲ့သူ၊
ငယ်ငယ်ကလဲလယ်ကွင်းတွေထဲ ပြေးဆော့ရင်းကြီးတဲ့သူဆိုတော့ ဘယ်လာမြင်ရက်ပါ့မလဲ။ပါးစပ်ကလဲ “သနားပါတယ်ဗျာ၊နွားကမှရှားပါးတဲ့ကြားထဲ” ဆိုပြီး မျက်နှာလွှဲသွားတာ။ နောက်ညနေပြန်ခါနီးရောက်တော့ အဲဒီဘာသာခြားတွေက ကျွန်တော်တို့ကို ညနေစာမစားရသေးရင်သူတို့ ၀တ်ပြုတဲ့ နေရာမှာ လိုက်လာစားပါ့လားလို့ဖိတ်တော့ ကျွန်တော်တို့တွေ ဘယ်စားရက်ပါ့မလဲဗျာ။ ကိုယ့်ဆရာပဲစဉ်းစားကြည့်လေ။ကိုယ့်ရှေ့မှာတင် လည်လှီးသတ်ထားတဲ့ မြင်သားကြီးဗျာ။သူတို့ကတော့ သူတို့ အချင်းချင်း ကျွေးတဲ့အပြင်ကို ကျန်တဲ့ရွာထဲက လူတွေ ကိုပါ ကျွေးသေးတယ်ဗျ။ကျွန်တော်တို့ကတော့ မစားဘဲ ရွာထဲကလဘ္ကက်ရည်ဆိုင်မှာပဲ ဖြစ်သလို မုန့်နဲ့ ကော်ဖီ၊လဘ္ကက်ရည်တွေနဲ့မျှောချပေါ့ကိုယ့်ဆရာရယ်။

ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့က သူတို့တွေ ကျွေးပြီးမွေးပြီး၊စားပြီးသောက်ပြီး တဲ့အချိန်ထိမော်တော်ပေါ်မှာငုတ်တုတ်လေးတွေ
ထိုင်စောင့်နေရတာပေါ့ဗျာ။ ခြင်ဆိုတဲ့ အကောင်မျိုးကလဲ ပေါပေါများများကိုရှိလေတော့ ကျွန်တော်တို့မှာငြိမ်ငြိမ်လေး
ကိုထိုင်မရအောင်ပါပဲ။ မတတ်သာတဲ့အဆုံးတော့ ရွာထဲပြန်သွား၊ခြင်ဆေးခွေဗူးတစ်ဗူးဝယ်ပြီး မော်တော်ပေါ်မှာလာထွန်းပြီးနေတော့မှပဲသက်သာတော့တယ်။၃ နာရီသာသာလောက်စောင့်ပြီး နာရီလက်တံတွေက ၈နာရီ ခွဲနားကို သီတော့မှပဲကိုယ်တော်များက ပေါ်တော်မူလာပါတော့တယ်ဗျာ။ ပစ္စည်းတွေ၊အိုးခွက်တွေပြန်တင်ပြီးချိန်ကျတော့ ၉နာရီစွန်းစွန်းကိုရောက်ရောပေါ့။ အဲဒီအချိန်မှ အလယ်ရေကျော် ဆိုတဲ့ ရွာကနေပြီး ကျုံမငေူမြို့ကို ပြန်ထွက်လာနိုင်ပါတော့တယ်ပေါ့ဗျာ။

အပြန်ခရီး

တစ်နေလုံးပင်ပန်းထားတာတွေ ကြောင့်လူက မော်တော်ပေါ်မှာ ငိုက်ပြီးပြန်ပါလာတယ်လေ။ ညကလဲမှောင်နဲ့မဲမဲ ဆိုတော့ ပတ်ဝန်းကျင် ကို မမြင်ရ ၊မခံစားရ ပဲ မဟုတ်လားဗျာ။မှတ်မှတ်ရရ မော်တော် ကသောင်ပေါ်ကို တစ်ခေါက်တင်သွားသေးတယ်ဗျာ။တင်ပေမပေါ့။
မှောင်နေတာကို မီးမှမပါကြတာ။ပြန်တွေးကြည့်တော့ တော်တော် တော့ အန္တာရယ်အကြီးသားနော်..ကိုယ့်ဆရာရေ။ဒါပေမယ့် နောက်ထပ်ဘာမှ မဖြစ်တော့ဘဲ ကျုံမငေးမြို့ ကိုချောချောမောမော ပဲည သန်းခေါင်လောက်မှာ ပြန်ရောက်ကြပါတယ်။ ပြန်ရောက်တော့ ဆက်တိုက်ပဲ ကိုထွန်းဦးနဲ့ ကိုမျိုးချစ်တို့ က ဆက်ထွက်ကြမယ်။ ညတွင်းချင်းပဲ ရန်ကုန်ကို ခရီးဆက်ကြမယ် ဆိုပြီး ကားပေါ်ကိုတက်ကြပါရောဗျာ။ ကျွန်တော်တို့လဲ မငြင်းသာတော့ဘဲနောက်ကလိုက်ကြရတာပေါ့။ ဒီလိုနဲ့ ရန်ကုန်မြို့ကို နောက်နေ့နံနက် ၈နာရီခွဲလောက်မှာ ပြန်ရောက်လာပါတော့တယ်ဗျာ။

ပြန်ရောက်ပြီးတဲ့နောက်မှာလဲ ကျွန်တော့ခါင်းထဲမှာ တွေးစရာတွေ က အများကြီး ၊အများကြီးပါ။ ကိုယ့်ဆရာတို့ကို ပြန်မပြောပြတော့ပါဘူးဗျာ။ ဒါပေမယ့် ကိုယ့်ဆရာတို့လဲ ကျွန်တော့ရဲ့ဒီစာကို ဖတ်ပြီးရင် ကျွန်တော်တွေးနေတာတွေကို နည်းနည်းပါးပါးတော့ နားလည်နိုင်ကြမယ်ထင်ပါတယ်။ဒါပါပဲဗျာ။

သို့ .. ကမ္ဘာမြေကြီးခင်ဗျာ

ကျွန်တော် လဂွန်းအိန် မြန်မာနိုင်ငံက စာရေးလိုက်ပါတယ်။ ဒီရင်ဖွင့်စာကိုရေးနေချိန် အခြားသော ကမ္ဘာ့ နေရာတော်တော်များများ မှာလင်းနေမှာသေချာပေမယ့် ဒီမှာတော့ မီးမလာသောကြောင့် ဈေးကြီးပေးဝယ်ရသော ဖယောင်းတိုင် ဖြင့်ရေးနေရပါတယ်။ ဒီနေရာမှာက ချွတ်ယွင်းချက်တွေ များလှပါတယ်။ ဥပမာအားဖြင့် ..၂၄ နာရီ မီးလင်းပြီလို့ သတင်းစာမှာ ခဏ ခဏ ပါတာကို ခုလို ဖယောင်းတိုင် နဲ့ မကြာမကြာ ဖတ်ရတတ်ပါတယ်။အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုတာ အစိုးရ ၀န်ထမ်းတွေ နဲ့ မပတ်သတ်ဘူးဖြစ်နေပါတယ်။တရားစီရင်ရေးမှာတော့ ‘ဥပဒေ တွင် မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့ စကားလုံးနဲ့ ပုဒ်မ မဲ့တဲ့ အမှုတွေ ရှိတတ်ပါတယ်။တရားဥပဒေ စိုးမိုးရေးအတွက် မီးသတ်၊ ကြံဖွတ် နဲ့ ရမ်းကားရှင်တွေ ကိုအသုံးပြုပါသေးတယ်။ဒါကြောင့် ကျွန်တော်တို့မှာ မီးသတ်သမားနဲ့တွေ့ရင်တောင် စေ့စေ့ မကြည့်ဝံ့တာကြာခဲ့ပါပြီ။

ကျန်းမာရေးအတွက် ဆရာဝန်တွေ ထောင်ချီတဲ့အရေအတွက်နဲ့မွေးထုတ်ပေးနေပါတယ်။အခြားဘာသာနဲ့ ဘွဲ့ရတွေ ကတော့ လတ်မှတ်ရ အလုပ်လက်မဲ့ဘ၀ နဲ့ ဂုဏ်ရှိရှိ အားယားနေနိုင်ပါတယ်။ကာကွယ်ရေးအတွက် နှစ်စဉ် ဗိုလ်ပေါင်းထောင်ချီ
အပြိုင်မွေးထုတ်ပါတယ်။ တစ်ချို့ကို ရုရှားပြည် သို့ပို့ပါတယ်။နောက်နှောင် စစ်ရေးစစ်ရာပေါ်လျှင် တပ်သားမပါ ဗိုလ်ချဉ်းသာချီတက် တိုက်ခိုက်တော့မယ်ဟုထင်ရပါတယ်။စက်မှုဖွံဖြိုးရေး ကဏ္ထာ အတွက် စက်မှုဇုန်တွေထူထောင်ပေးပြီးဗိုလ်ချုပ်ကြီးများရဲ့နာမည်ကျော်နဲ့
မြေကွက်တွေချထားပေးပါသေးတယ်။

ကလေးငယ်များအတွက်အခြေခံပညာရေးနဲ့ပတ်သတ်လို့ မျောက်သစ်ပင်ရေလောင်းနည်း စီမံကိန်းနဲ့ ဖော်ဆောင်ပါတယ်။
လေး၊ငါးနှစ်တစ်ခါ သင်ရိုးညွှန်းတမ်း ကို(ဖောဖော သီသီ) ပြင်ဆင်ပြဌာန်းပေးပါတယ်။မအောင်မရှိ အတန်းတက်စနစ် မှာ ကျောင်းချိန်နဲ့
မလောက်င ဘူးထင်လို့ ကျူရှင်တွေ နဲ့အလွတ်ကျက်ဖို့သင်ပေးပါသေးတယ်။ဆရာသမားဆိုတာ တံစိုးလက်ဆောင် နဲ့ ကျူရှင်လခ ဆိုပြီး နားလည်သိတတ်တဲ့ မျိုးဆက်သစ်ကျောင်းသားတွေ ရဲ့ခေတ် လို့တောင်ကြွေးကြော်နိုင်ပါပြီ။

ဒီလိုအားနည်း ချက်ပေါင်းစုံ ရဲ့အကြောင်းတရားကတော့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတာပါပဲ။ နှစ်စဉ် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ၊ ရရှိတဲ့အခွန်ငွေတွေ ကို ကိုယ်ပိုင်ဥစ္စာ လို့သဘောထား နိုင်တဲ့(ထားရဲတဲ့) သူရဲကောင်းစိတ်ဓါတ်ကိုတော့ မလေးစားပဲမနေနိုင်ပါခင်ဗျာ။ ဒါ့အပြင် ပြည်သူ့ရိက္ခာစားလို့လည်မျိုကမကျသေးခင် ပြည်သူ့ဂုတ်သွေးစုတ်မယ့် သူလိုမျိုးဆက်သစ်တွေ ကိုကြီးပျင်းအောင်ဒီငွေတွေနဲ့မွေးမြူပါတယ်။

ကမ္ဘာကြီးခင်ဗျာ .. ခုလို ရင်ဖွင့်တာကို စိတ်ညစ်ခံပြီး၊သီးခံပြီး ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လဂွန်းအိန်
ခေတ္တ – လူ့ပြည်၊မြန်မာနိုင်ငံ

စစ်အစိုးရ ရဲ့ ယောင်ပြ ၀န်ကြီးချုပ် သိန်းစိန် က အလှုခံအစည်းအဝေးမှာ ဒေါ်လာ ၁၁ ဘီလျံ လိုအပ်ကြောင်း အရှက်မရှိတောင်းရမ်းခဲ့တယ်လို့သိရပါတယ်။ စိတ်မကောင်းပါဘူး။တစ်ကယ်သာ ပေးခဲ့ကြရင် ဒီငွေတွေဘယ်သူတွေဆီကို၊
ဘယ်အိတ်ထောင်တွေထဲကို ရောက်မယ်ဆိုတာ အားလုံးသိကြပါတယ်ဗျာ။

ဒီရက်ပိုင်းတွေမှာ ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ ရန်ကုန်က ထွက်တဲ့ကားတွေကို ဧရာဝတီတိုင်းထဲ အ၀င်မခံပဲ (လူကိုပြောတာပါ)
ပစ္စည်တွေကိုတော့ အကုန် ယူထားတယ်လို့ကြားနေရပါတယ်။ လုပ်ကြပေါ့လေ။ ငရဲမကြောက်ရင်။ဘယ်လို ‘ဥ’ တွေကပေါက်ပြီး၊ဘာချီးတွေစားပြီးကြီးမှန်းမသိ လောက်အောင်ကို အစွမ်းရှိသလောက် မိုက်ရိုင်းနေကြတာ။

ရှင်းရှင်းပြောရရင် သူတို့တွေလည်း ဗုဓ္ဒဘာသာတွေပါ။ သူတစ်ပါးရဲ့ အလှု ကို မကူညီနိုင်ရင်တောင် အနည်းဆုံးသာဓုလေး ဖြစ်ဖြစ် ခေါ်ပြီးကုသိုလ်ယူနိုင်ပါတယ်လေ။ဒါကို ကူညီဖို့နေနေသာသာ ဘေးကနေကန့်လန့် ကန့်လန့်နဲ့ ဖျက်လို ဖျက်ဆီး လုပ်နေတာများလား..ဘယ်လိုမှ မြင်၊ကြား၊သိ လို့မှ မသင့်တော် ။

မနေ့ကလည်း အသိတစ်ယောက်ဆီကို နိုင်ငံခြားက (တရုပ်) ပုဂ္ဂလိဂ အလှုရှင်တွေ လာပြိးဆန်လှုဖို့ ဆန်လာဝယ်ကြပါတယ်။ ဒါကို
ဘေးကပါလာတဲ့( ဘယ်ရုံးကဆိုလား) ၀န်ထမ်းလို့တော့ ပြောတာပါပဲ။ အဲဒီ ပုဂ္ဂိုလ်က ဆန်ကုန်သည်ဆီက ကော်မရှင်ပြန်တောင်းတာတဲ့။
သူပြောတာက တော့ သူက ၀န်ကြီးနဲ့ပိုင်တယ်တဲ့ ။ နယ်ကျော်လို့ရအောင် သူလိုက်ပြောပေးမယ်တဲ့။ ရှင်းရှင်းပြောရရင် အကြံအဖန်ပေါ့ဗျာ။ ဘယ်လောက်များ အရှက်မရှိ၊ရုပ်ဆိုးမှန်း မသိတော့ ဘူးဗျာ။ လဂွန်းအိန်တော့ သူ့အစားရှက်လိုက်တာ။

ဘယ့်နယ်ဗျာ…သူများက နိုင်ငံခြားကနေ တကူးတက လှုချင်လွန်းလို့၊ကိုယ်ချင်းစာလို့ လာကူညီပေးတာ ။ ဒီက မောင်မင်းကြီးသားများက ကော်မရှင်တဲ့။မျက်နှာတောင်ဘယ်နားထားရမှန်းမသိလောက်အောင် ရှက်မိပါရဲ့ဗျာ။ လူရှေ့ပေါ်တင်တောင်းတာပါ။ တိုးတိုးတိတ်တိတ် တောင်းတဲ့ ခေတ် တောင်မဟုတ်တော့ဘူးဗျ။

ဒီလို လူတွေ လက်ထဲ ဒေါ်လာတွေသာ အလုံးလိုက်အရင်လိုက် ထည့်လိုက်ရင်တော့ လဂွန်းအိန်တို့ မြန်မာ ပြည်သူတွေတော့…….။
နှိပ်စက်မယ့် လူမိုက်တွေလက်ထဲကို တုပ်၊ဓါးတွေ ထပ်ဖြည့်ပေလိုက်တာနဲ့ ဘာမှ ခြားမယ်မထင်ပါခင်ဗျာ…။

နာဂစ်မုန်တိုင်းပြီးတာ ၂ ပတ်ကျော်ခဲ့ပါပြီ။မုန်တိုင်းဒဏ်ခံမြန်မာပြည်သူတွေ တစ်ကယ်ကိုကယ်တင်ခြင်းခံနေရပါသလား။
ဒီကိစ္စနဲ့ပတ်သတ်လို့ မေးမြန်းနိုင်သမျှကို မေးမြန်းခဲ့ပါတယ်။ အကုန်လုံးဟာ အဖြစ်မှန်တွေပါ။ ပထမတစ်ဦးကတော့ တစ်ကယ်ကို ကိုယ်တိုင်ကိုကျ အလှု သွားခဲ့သူ၊ အကူအညီ သွားပေးခဲ့သူတစ်ဦးပါ။
‘ ကျွန်တော်တို့ရောက်သွားတော့ ကားလမ်းဘေးမှာ လူတွေ ရာနဲ့ချီပြီး ထိုင်နေကြပါတယ်။ နောက်မကြာခင်မှာဘဲ လမ်းရဲ့ တစ်ဖက် ကချောင်းလေး ဆီက ဝေါဝေါ၊ဝေါဝေါ နဲ့ အသံတွေ ကြားရလို့သေချာကြည့်မှ လူတွေ ချောင်းလေးကို အလုအယက် ကူးလာနေကြတာပါ။
နောက်ဆုံးတော့ လူ ၂ သောင်းကျော် လောက်ဖြစ်သွားပါတယ်။ ဘယ်လောက်များအခြေအနေဆိုးလဲတော့မ သိဘူးဗျာ။ ကျွန်တော်တို့ ရေတိုက်တာတောင် ခွက်မရှိတဲ့လူတွေ ကများနေလို့ နောက်ဆုံး ရေပုံးပါပေးခဲ့ရတယ်။နောက် ကလေးတစ်ယောက်၊၁၂ နှစ်တဲ့၊ ကျန်တဲ့မိသားစုတွေက ရေထဲပါသွားတယ်။သူကတော့ သစ်ပင်ကြီးတစ်ပင်ပေါ်တင်နေလို့ရှင်ကျန်နေခဲ့တာတဲ့။ဘာမှတော့ မဖြစ်ဘူး။ကံကြီးတယ်ပြောရမှာပေါ့။ဒါပေမယ့် စိတ်ခြောက်ခြားနေရှာတယ်။ခုဘုန်းကြီးကျောင်းမှာနေတာ။သနားပါတယ်ဗျာ။’
သူသွားခဲ့တာက မြောင်းမြမြို့ဘက်ပဲဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ ရေဘေးဒဏ် ကိုယ်တိုင်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ကဆန်စကပိုင်ရှင်တစ်ဦးပါ။
‘ကျွန်တော်တို့ သက်ကယ်သောင်ရွာမှာရေတက်တော့ ညနေ ၃ နာရီလောက်ပဲရှိပါသေးတယ်။ ရေကခြေမျက်စိလောက်ရောက်လာလို့ ကျွန်တော့ တစ်ထပ်အိမ်နဲ့တော့ မရလောက်ဘူး။ ခုနှစ်အိမ်ကျော်က ယောက်ခမ အိမ်က ၂ ထပ်ဆိုတော့ သူတို့ဆီတော့ လွတ်နိုင်တယ်… ဆိုပြီး ကျွန်တော်တို့လင်မယားနှစ်ယောက် ကလေးနှစ်ယောက်ကို ချီပြီး သွားပို့ကြတာ။ ဟိုလဲရောက်ရော ရေက ဒူးလောက်ဖြစ်သွားပြီဗျ။ သိပ်မြန်တာ။ ကလေးတွေ အိမ်အပေါ်ထပ်ကို ပို့ပြီးလို့ ပြန်ဆင်းမယ်လဲကြံရော ၊ရေက ရင်ဘတ်ရောက်သွားပြီ။ဆန်စက်ရော ၊စပါးစည်ရော၊ ကျွန်တော်တို့လင်မယားနှစ်ယောက် အနှစ်နှစ် အလလ စုထားတာလေး တွေ ပါ အကုန်ရေထဲကိုပါသွားပါတယ်ဗျာ။
ကျွန်တော်တို့တစ်ရွာလုံးလဲကုန်သလောက်ပါပဲ။လူတွေလဲသေတာမှ အလောင်းတွေကို ထပ်နေတာပဲဗျာ။ထောက်ပံ့ရေးကလား။လာပါတယ်။ လူ ၂ ထောင်ကျော်ကျန်တဲ့ ကျွန်တော်တို့ရွာအတွက် ဆန် ၂ အိတ်နဲ့ ခြင်ထောင် ၈ လုံး ဆို ပြီးပေးသွားတယ်။ ဘယ်လောက်မလဲဗျာ။’

ဒါဆို ရှင်းနေပါပြီ။

မပြီးသေးဘူးဆိုပြီး ၀ိုင်းချီးကျူးကြဦးမယ်ထင်တယ်။ မနေ့ က မရေးဖြစ်တာလေးတွေ၊ရေးပြီးမှစဉ်းစားမိတာလေးတွေရှိလာလို့ပါ။
ဆက်ရအောင်ဗျာ။ ဒီဗေဒင်ဆိုတာကို ယုတ္တိဗေဒ (Logistic) နည်းနဲ့ ကြည့်ရအောင်ဗျာ။ ဗေဒင်သွားမေးတာ လို့ပြောကြတယ်နော်။
တစ်ကယ်လား။ ဗေဒင်သွားမေးတာဆိုရင်ဗေဒင်ဆရာကိုသွားမေးတယ်လို့ယူဆရင်ရမယ်နော်၊ဟုတ်ပြီလား၊ဗေဒင်ဆရာကို မမေးရဘဲ
သူကချဉ်းမေးရင်တော့ ဒါဗေဒင်ဆရာမေးတာသွားဖြေတာပေါ့။ ကဲ.. စမယ်ဗျာ။ ဗေဒင်ဆရာဆီရောက်ရောက်ချင်း ဘယ်သူကဘယ်သူ့ကိုစပြီးမေးတာတဲ့လဲ။ သေချာစဉ်းစားပါ။ ဟုတ်ပါတယ်။ ဗေဒင်ဆရာကစပြီးမေးခွန်းတွေ မေးပါတယ်။
ကိုယ့်ရဲ့ နာမည်၊မွေးသက္ကရာဇ်၊နေရပ် နဲ့ လက်ရှိကြုံနေရတဲ့ အခက်အခဲ အစရှိတာတွေ ကိုကိုယ်က ပြောပြရပါတယ်။
သူမေးလို့ပါ။ ဒီလိုမေးတော့ ကိုယ်က အပူသည် ဆိုတော့ ကိုယ့်အကြောင်း အကုန်နီးပါး သူ့ကို ပြောပြီးဖြစ်သွားရောပေါ့။ ဟုတ်တယ်နော်။ လင်ပူ၊သားပူ နဲ့ ရီးစား ပူမိနေတဲ့သူတွေဆိုပိုဆိုးဦးမယ်။ လာကတည်းက ကူပါယူပါဆိုတော့ သူတို့ ဗေဒင်ဆရာတွေက
အကြိုက်ပေါ့ဗျာ။နောက် တော့ ကိုယ်က ကိုယ့်အကြောင်းတွေပြောလို့ဝတော့မှ သူက ဘာရယ်ညာရယ် ဆိုပြီး ကိုယ်ပြောတာတွေကို နင်းပြီးဟောတာပါ။ ဟုတ်တယ်နော်။ ဘယ်ဗေဒင်ဆရာကမှ ကိုယ့်ဆီဗေဒင်လာမေးတယ်ဆိုတဲ့ သူကို ရောက်ရောက်ချင်း ခင်ဗျားကတော့ ဘယ်သူဘယ်ဝှာ၊ဘယ်အရပ်မှာနေတာမလား၊ခုဘာညာဖြစ်နေလို့ လာတာမလား ဆိုပြီး မပြောနိုင်ကြပါဘူး။ စောစောက ပြောသလို
ကိုယ်က(ဗေဒင်မေးတယ်ဆိုတဲ့သူက) ပြောတဲ့အချက်တွေကိုနင်းပြီး သူတို့ကတန်ပြန် အကွက်ဆင်လို့ ဟောရတာမဟုတ်လား။ ဒီတော့
ကျွန်တော်ပြောသလို ဗေဒင်သွားမေးတာ မဟုတ်ဘဲ အမေးခံဖို့သွားနေတာပါ။ဒီလိုရှင်းရင် သဘောကျမလားမသိဘူး။လဂွန်းအိန်ကတော့ ဒီလိုပဲ မြင်တာပဲဗျာ။ဂွစာကြီးလို့ ထင်ချင်လဲထင်ကြပါ။

နောက်ပြီး သဘောမကျတာတစ်ခုက ဘုရားထီးတင်တဲ့ကိစ္စလို အရေးကြိးတဲ့သာသနာရေး ကိစ္စတွေမှာ ဒီဗေဒင်ဆရာတွေ ၊ အခါပေးဆရာတွေ ၀င်ပါပြီး တွက်ချက် အခါပေးတာပါပဲ။ ဘုရားတည်တာ နဲ့ ဘုရားထီးတင်တယ်ဆိုတဲ့ ကိစ္စမျိုးဟာ ကြီးကျယ်တဲ့ကိစ္စပါ။
နဲနဲ နောနော ကုသိုလ်ကောင်းမှုမဟုတ်ပါဘူး။အားလုံးသိပါတယ်။ ဒီလိုကောင်းမှုကြီး၊ ဘုရားပုထိုးတည်တဲ့ကိစ္စမှာ သူတို့ဝင်ပြီး ကောင်းလားကောင်းရဲ့နဲ့ ဆုံးဖြတ်ရအောင် ဒီစေတီပုထိုး ဆိုတာ သူတို့မူပိုင်ပါလား၊သူတို့လက်အောက်ခံလား။ နဲနဲတော့ပြင်းသွားတယ်ထင်ပါတယ်။ ဗေဒင်ဆရာတွေကြားရင်တော့ ရိုက်ပေါက်ပဲ။ဟဲ..ဟဲ။ဗေဒင်အမေးကောင်းပြီး မင်းတုန်းမင်ကိုတော်လှန်ကြတဲ့ မြင်ကွန်း၊မြင်းခုံတိုင် မင်းသား ၂ ပါးလဲ ခွေးပြေးဝက်ပြေး ပြေးရ၊ အခါပေးတဲ့ ဦးပုည လဲသေဒဏ် အပေးခံရနဲ့ ။ အပျက်ပျက် နဲ့ နှာခေါင်းသွေးထွက် ခဲ့တာလေးလဲ ရှိဖူးတယ်ခင်ဗျ ။

ဟုတ်ပါပြီ။ဒါဆို ဗုဓ္ဓအလောင်းအလျာ နိမိတ်ကြီး ၄ ပါးမြင်လို့တောထွက်ဖို့ စဉ်းစားတော့ ဗေဒင်ဆရာဆီသွားပြီး အခါတောင်းပါသလား။
ဗိုလ်ချုပ် တိုင်းပြည်လွတ်လပ်ရေးအတွက် ရန်ကုန်ကနေ တရုပ် ပြည် အမ္မိုင် ကိုရေကြောင်းနဲ့ ခိုးထွက်တုန်းကရော။
ဗေဒင်မေးပြီးမှသွားတာလား။ အမေရိကန်ပြည်ထောင်စု ကလွတ်လပ်ရေးကြေညာတော့ရော။ ဗေဒင်ဆရာတွေပါ
ပါသလား။ရိုက်ညီနောင် လေယာဉ် ကိုတီထွင်ပြီး ပထမဆုံးစမ်းသပ်တော့ရော။ မအောင်မြင်တော့ လဲနောက်တစ်ခေါက်ပေါ့။ဟုတ်ဖူးလား။
ဗေဒင်ဆရာ မလိုခဲ့ကြပါဘူး။ ဇွဲဝီရိယ သာအဓိကပါ။ယုံကြည်ချက်သာအဓိကပါ။ ဘုရားဟော လဲရှိပါတယ်ဗျာ။ အတ္တဟိ အတ္တနော နာထော .. ကိုယ့်ကိုယ်ကို သာကိုးကွယ်ရာ၏ တဲ့။

လဂွန်းအိန်တို့တော့ ကြီးကြီးကျယ်ကျယ်လုပ်ချလိုက်ပြန်ပြီ။သဘောထားအမြင်တွေဘာတွေထုတ်လို့။
ဒီလိုတွေးပြီးရယ်မိကြမယ်ထင်ပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အမြင်နဲ့ အတွေးတွေကိုဝေမျှချင်တာ သပ်သပ်ပါ။
ရေးတော့လဲ ခေါင်းစဉ်က ဘာကြီးမှန်းမသိ။ဗေဒင်ဆိုတော့ ၂ ထပ်ကွမ်း ဟားစရာကြီးဖြစ်ရင်လဲဖြစ်နေမှာပေါ့နော်။ကဲ.. ဘာဘဲဖြစ်ဖြစ် စလိုက်ရအောင်ဗျာ။

ဗေဒင်ဆိုတာ သမိုင်းကြောင်းအရတော့ အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံထဲကို ဟိန္ဒူ ယဉ်ကျေးမှုနဲ့ အတူစီးဝင်လာခဲ့တာပါ။မြန်မာများကတော့ဗြဟ္မာဏ ကျမ်းစာတွေကနေ တစ်ဆင့် သင်ယူလက်ခံကြပါတယ်။
သမိုင်းအတိအကျ မရှိပေမယ့် AD တစ် ရာစုလောက်ကစတင်ဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။ ပုဂံမတိုင်မှီ ပျူ လူမျိုးတွေဟာ ဒီဗေဒင်တင်မက အဆောင်လက်ဖွဲ့ တွေမှာ အထူးကျွမ်းကျင်တယ်ဆိုတာ ဖတ်ရမှတ်ရဘူးပါတယ်။ နောက် ဗမာ လူမျိုးတွေရဲ့ ဘိုးဘွားတွေ မြန်မာနိုင်ငံ အထက်အလယ်ပိုင်း ကိုအလုံးအရင်းနဲ့ ပြောင်းရွေ့ လာတဲ့နောက်မှာတော့ ပျူတွေ နဲ့ မွန်တွေ ဆီကနေ စာပေ၊ယဉ်ကျေးမှု၊ အနုပညာ၊စိုက်ပျိုးရေး နဲ့ ဘာသာရေးတွေကိုပါ လက်ဆင့်ကမ်း သင်ယူပါတယ်။ ပျူတွေမရှိတော့(သေချာမသိနိုင်ပါ၊အချို့သမိုင်းဆရာများကတော့ ယနေ့ ယော နယ်တ၀ိုက်နေ စကားဝဲ၀ဲ ဗမာများကို ပျူအဆက်အနွယ်များအဖြစ် သတ်မှတ်ရန်ကြိုးစားလေ့လာနေကြဆဲဖြစ်)တဲ့နောက်ပိုင်းမှာလဲ ဗမာများက ကြိုးစားလေ့လာကြပါတယ်။ ဘာသာရေးနဲ့ရောထွေးခဲ့ပြီး ပွဲကျောင်းလို့လူသိများတဲ့ မဟာယနနွယ် တဲ့ကျောင်းတွေမှာ အဓိက သင်ကြားခဲ့ဘူးပြီး ခေတ်အဆက်ဆက် ကောင်းစားခဲ့ကြတယ်။မြန်မာ ရာဇ၀င် တစ်လျှောက်မှာလဲ ဒီဗေဒင် ကို ရာဇ၀ံသ မင်းမျိုးတွေ ကိုယ်တိုင်အများဆုံး အားပေးထောက်ခံခဲ့ကြ၊လိုက်စားခဲ့ကြတာပါ။ မင်းဆရာ၊ရာဇပရောဟိတ်၊ပုဏား၊နောက်ဆုံးအယူတော်မင်္ဂလာ ဆိုလို့ ဘွဲ့တွေ တစ်သီတစ်တန်းကြီးနဲ့ ဆွေစဉ်မျိုးဆက်ကောင်းစားခဲ့ဖူးပါတယ်။ မင်းဧကရာဇ် တို့ ကလဲ လုပ်စရာ ၊ကိုင်စရာတွေရှိ ရင် လုပ်သင့်မလုပ်သင့် ကိုသူတို့တွေနဲ့ မပြတ်ဆွေးနွေးအကြံတောင်းပါတယ်။ ပေးတဲ့အကြံ အတိုင်းလုပ်လို့ အောင်မြင်တာတွေရှိသလို၊
မအောင်မြင်တာတွေလဲ ဒုနဲ့ဒေးပါ။ လက်လှမ်းမှီတဲ့ မအောင်မြင်တဲ့ သာဓက များကတော့ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား(ဗဒုံမင်း) လက်ထက် ယိုးဒယား ကို စစ်ချီမယ်လုပ်တော့ မကောင်းဘူး မချီသင့်ဘူးလို့ ဟောကြပါတယ်။ ဘုရင် ကမရဘူး တိုက်ကိုတိုက်မယ် ဆိုတော့ တစ်ထစ်လျော့ ပြီး ယတြာ ချေရင်တော့ ရနိုင်တယ် ဆိုပြီး စစ်ထွက်အခမ်းအနားကို ယတြာအစီအရင် နဲ့ ကျင်းပချီတက်ပါတယ်။
ဒါပေမယ့် တိုက်တိုင်းရှုံး ပြီး ရှက်ရှက်နဲ့ ပြန်လာရဘူးပါတယ်။ နောက်သာဓကတစ်ခုကတော့ သိပ်မဝေးသေးပါဘူး။ ဦးနေ၀င်းပါ။ ၈၈ အရေးအခင်းမတိုင်ခင်လေးကာလတွေမှာ သူကိုးကွယ်တဲ့ ဘိုးတော်(တိမ်ကြားမင်းခေါင် ဆိုလား ချုံကြားဖင်ပြောင်ဆိုလား) က မဖြစ်တော့ဘူး။ကံဇာတာ စန်းလာဘ်တွေ သိပ်ကိုမှေးမှိန်နေပြီ၊ မသန့်ဘူး။ ဂြိုလ်စီးဂြိုလ်နင်းလဲမလွတ်ဘူးဆို ပြီး မဟာဝိဇယ စေတီရင်ပြင်မှာ(အချို့ကလဲရွှေတိဂုံရင်ပြင်လို့ပြောပါတယ်။အတိအကျတော့ လဂွန်းအိန်မသိနိုင်ပါ။)အခေါင်းထဲ ဆိတ်သွေးအပြည့်ထည့်ပြီး ၀င်စိမ်ရပါသေးတယ်။ နောက်တဘောင်ပေါ်ပါသေးတယ်။အဲဒါကတော့ ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။
.. ကုလားဘုရားထီးတော်တင်၊နေမင်းကြီိးက၀င်
နေ၀င်သော်လဲ လမထွက်၊တိုင်းပြည်ကြီးကပျက်။… ဆိုပြီးတော့ပါ။
သဘောကတော့ ကုလားဘုရားဆိုတာက သူတည်နေတဲ့ မဟာဝိဇယ စေတီပါ။ နီပေါ ဘုရင် လက်ဆောင်ပေးတဲ့ ဆင်းတုကို ဌာပနာပြုပြီးတည်တာပါ။ဒါကိုထီးတင်ရင် ဦးနေ၀င်းကြီး ပြုတ်ပြီဆိုတာပါပဲ။ နေ၀င်သော်လဲ လမထွက် ဆိုတာ သူပြုတ်ပေမယ့် သူ့ လက်ရင်းတပည့်ကြီး ဦးစန်းယု အာဏာ လက်မလွဲနိုင်တာပါ။ ဒီတော့တိုတို ပြောရင် ပြည် ပျက်ကိန်းမြင်တယ်ပေါ့။ ဒါဆိုရင်လည်း ယတြာယာ ဆက်ချေပေါ့။ ပြည်ပျက်မယ်ဆိုတောင် လုံးလုံးမပျက်အောင် ပြည်မြို့လောက်ပဲ ဆူအောင် ဖန်တီးပေါ့။ ဒီလိုနဲ့ ပြည်မြို့မှာ ကုလား-ဗမာ ရိုက်ပွဲကြီး ကိုသွေးထိုးဖန်တီးခဲ့ပါတယ်။ နောက်ဆုံးတော့ သင်္ခါရ သဘောကို မလွန်ဆန်နိုင်ဘဲ အာဏာလက်လွတ် ငှက်တောင် ကျွတ်လို့ အဆုံးတစ်နေ့မှာတော့ သူရွှေထီးဆောင်းစဉ်က သူ့ကိုမော် တောင်မကြည့်ရဲခဲ့တဲ့ သူလို စစ်အာဏာရူး တစ်စုက
ပြန်ပြီး ၀ိုင်းသမ တာခံလိုက်ရပါရောလား။

ကဲ .. ဒါဆို ဗေဒင်ကို ယုံလား၊မယုံဘူးလား။ လဂွန်းအိန် ကိုလာမေးရင်တော့ မယုံပါဘူးခင်ဗျာ။ ဘာလို့ပါလဲ။ဘာမှကိုကောင်းကျိုးမှမပေးလို့ပါခင်ဗျာ။ ဟုတ်ပါတယ်။ မြန်မာတွေယုံတဲ့ဗေဒင်က သူ့ကျွန်ဘ၀မရောက်ဖို့ ကိုကယ်နိုင်ခဲ့ပါသလား။ (မရပါ။) ဒါဆိုရင် လွတ်လပ်ရေးရအောင်ရော စွမ်းဆောင်ပေးနိုင်ခဲ့ပါသလား။(မရပါ။)
ကိုယ်တွေက ဗေဒင်ကုန်းတွက် ၊ ယတြာယာတွေ လှိမ့်ချေ နေတုန်း ဘာဆိုဘာမှ မယုံတဲ့ ၊အရာရာကို အခြေခံကျကျ လေ့လာပြီး ဇွဲဝီရိယ ကောင်းကောင်းနဲ့ကြိုးစားတဲ့ အင်္ဂလိပ် များက ၀င်သိမ်းတာခံလိုက်ရပါရောလား။ ဒါတင်ဘယ်ကမလဲ ကမ္ဘာ့မြေပုံကြီးတောင် သူတို့ခါးမှာပတ်ခဲ့ကြသေး။ နေမ၀င်အင်ပါယာပေါ့။

နောက်ကြုံလို့ ပြောရဦးမယ် ။ ဗေဒင်တော့မဟုတ်ပါ။ အစွဲအလန်းလေးတွေကိုပါ။ ကားသွားနေရင်း အချိန်မေးတာ မကြိုက်ဘူးဆိုတာမျိုးပေါ့။ သူများတွေဆီမှာ ဂြိုလ်တုတွေ တစ်ဒိုင်းဒိုင်းလွတ်နေတာ အချိန်အတိအကျနဲ့ပါ။ နောက် လေယာဉ်တွေ လဲဒီလိုပဲ ဘယ်အချိန်ထွက်ပြီး၊ဘယ်အချိန်ဆိုက်ပါ့မယ် လို့အစကတည်းက ကြေညာပြီးသား။လေယာဉ်နော်။လေထဲပျံမှာ။
ကားလိုကုန်းပေါ် မှာ သွားတာမဟုတ်ဘူးဗျ။ ပျက်ပြီဆိုတာနဲ့ ပြေးပေါက်မရှိဘူး။အသေလို့ သာမှတ်။
ကားကမှရှင်နိုင်သေးတယ်။ကျွန်တော် ၂ခေါက် ၃ခေါက်လောက် ဖြေရှင်းကြည့်ဖူးပါသေးတယ်။ မအောင်မြင်ပါဘူး။စိတ်နာတာနဲ့ နောက် ဘယ်သူ့မှ ရှင်းမနေဘူး။အောင့်အီးနေပစ်လိုက်တယ်။

ဗေဒင်နဲ့ပတ်သတ်လို့ဆက်ပြောရအောင်။ လူဦးရေ သန်းပေါင်းများစွာအတွက် တွက်နည်းချက်နည်းက နည်းနည်းလေး။ အချိုးချတောင်မျှပါ့မလားမသိဘူး။ ဒီအချိန်၊ဒီရာသီဖွား က ကောင်းတယ်၊ဆရာဝန်ကြီး၊စစ်ဗိုလ်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်မှာ ဆိုပြီးညာရွှီးကြပါတယ်။ ဒီလိုဆို ဒီတစ်လောကလုံး က ဆရာဝန်တွေ၊စစ်ဗိုလ်တွေ၊ အင်ဂျင်နီယာကြီးတွေ က တစ်ချိန်တည်းမွေးခဲ့ကြတာလား။(မဟုတ်ပါ)။ဒါဆို နိုင်ငံခေါင်းဆောင်တွေ ရော။ တစ်ချိန်တည်းမွေးကြတာလား။(မဟုတ်ပါ)။
စဉ်းစားကြည့်ရင်ရိုးရိုးလေးပါ။ ဘယ်လိုမှ ဒေါင့်မစေ့ပါဘူး ။ နောက် ရာထူးတိုးချင်ရင် ဗေဒင်ဆရာဆီသွားပြီး ကူပါကယ်ပါနဲ့။
တစ်ကယ် ရာထူးတိုးပေးမယ့် အထက်အရာရှိဆီသွား ပြီးဆက်ဆံရေး ကောင်းအောင် သွားပြီး ပြုံးပြတာကမှ ပိုလို့အကျိုးရှိဦးမယ်။
ကောင်းတာလုပ်ရင်ကောင်းတာရမှာပဲ။ဆိုးတာလုပ်ရင်ဆိုးတာရမှာပဲ။ ပြီးတော့ အောင်မြင်တယ်ဆိုတာ က ဒီကံတစ်ခုတည်းက အရင်းခံမှ
မဟုတ်တာ။ ဘုရားဟော အတိုင်းဆိုရင် ကံ၊ဥတု၊အာဟာရ၊စိတ် ဆိုပြီး ၄မျိုးတောင်ရှိတာ။

နောက်ပြီးဗေဒင်အတွက်ကောင်းလို့(အတတ်ဟော၊နိမိတ်ကောက်လို့ပြောရမှာပါ) အသက်ခံခဲ့ရတဲ့သူလည်းရှိပါသေးတယ်။
ညောင်ရမ်းခေတ်ရဲ့ နောက်ဆုံးဘုရင်ပါ။ သူဟာ ဟံသာဝတီ(ပဲခူး-မွန်)တွေနဲ့စစ်ဖြစ်၊ရှုံးတော့ အင်းဝ ကနေ ဟံသာဝတီ ကို သုံပန်းအဖြစ်ပါသွားပါတယ်။ အနော်ရထာက မနုဟာ(မကုတ လို့လဲ နာမည်ကွဲရှိပါတယ်)ကိုပုဂံ ခေါ်ခဲ့သလိုပေါ့။ နောက် အလောင်းဘုရား ဦးအောင်ဇေယျက ဗမာအပါအ၀င် ကျန်မြန်မာတိုင်းရင်းသားတွေကိုစုစည်းပြီး ဟံသာဝတီကို စစ်ပြိုင်ပြုပါတယ်။အဲဒီ အချိန်မှာ ဟံသာဝတီ နေပြည်တော် နန်းတွင်းမှာ အံ့ဘွယ် ဖြစ်ရပ်တစ်ခု ပေါ်ပါတယ်။ ငါးကိုဆားနယ်ပြီး လင်ဗန်းမှာတင်တာ ကို ငါးက မသေမရှင်ဖြစ်ပြီး
ဗန်းဘောင်ပေါ်တင်နေတာပါ။ဗန်းအပြင်ရောက်တဲ့ခေါင်းပိုင်းကတော့ လုံးဝ မလှုပ်နိုင်ဘဲ ဗန်းအတွင်းကျန်နေတဲ့ အမြှီးပိုင်းကတော့
တစ်ဖက်ဖက်နဲ့ ခုန်နေပါတယ်။ ဒါကိုတွေ့တော့ အဲဒီနန်းကျဘုရင် ကြာသာပတေးမင်း ကအတိတ်ကောက်ပါတော့တယ်။ ငါးကို ဒို့ ဗမာလူမျိုးလို့ယူမယ်ဆိုရင် ခေါင်းနဲ့တူတဲ့ ငါကတော့ ကိစ္စပြီးနေပြီ။ ဒါပေမယ့်အမြှီးပိုင်းက လှုပ်နေသေးတော့ ငါတို့လူမျိုးဟာ ခေါင်းအသစ်နဲ့တွေ့ရင် ပြန်ရှင်သန်ကြီးပွားနိုင်သေးတယ်လို့ အတိတ်ကို ကောက်ယူပါတယ်။ ဒါကို ကြားတဲ့ ဟံသာဝတီဘုရင် ဗညားဒလဘွဲ့ခံ ဦးအောင်လှက
ဒီလူတော့ မဖြစ်ဘူး။သိပ်စိတ်မကုန်ချင်သေးဘူး။တော်ကြာ လူစုပြီးလမ်းပေါ်ထွက်ဆန္ဒပြ.. အဲ.အဲ.. ပြန်ချနေမှခက်ကုန်မယ်။ဒီတော့…ခု ရှင်းမှ နောက်အေးမယ် လို့အတွေးပေါက်လာလို့ ရေတွင်ချလို့ကွပ်စေ ဆိုပြီးသေဒဏ်ပေးပါလေတော့တယ်။

အချုပ် အားဖြင့်ဆိုရရင်တော့ ဒီဗေဒင်၊ယတြာ တွေ ဟာ စိတ်ဓာတ်ယိုင်နဲ့စေတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းစေတယ်။
ပျော့ညံ့စေတယ်။အယုံလွယ်တော့ အလိမ်ခံရတာလဲ လွယ်တာပေါ့ဗျာ။ချင့်ချိန်ပေါ့။မယုံမရ၊မနေနိုင်ရင်လဲ လျှော့ကြပေါ့။စေတနာပါ။

အားလုံးသိပြီးဖြစ်တဲ့ နာဂစ် ပါ။ မြန်မာနိုင်ငံအောက်ပိုင်းကိုဝင်ပြီးဘုရားစုံပတ်ဖူးလို့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ အပျက်အစီးနဲ့လူအသေအပျောက်( ခုချိန်မှရှာမတွေ့ရင်သေပြီပေါ့ဗျာ)အများဆုံးဖြစ်ခဲ့ရပါတယ်။ သူက စစ်အစိုးရ ကိုဘာတွေပေးခဲ့ပါသလဲ။ဘယ်လိုဆုံးဖြတ်ပေးခဲ့ပါသလဲ။ ပြည်သူတွေကတော့ အိုးအိမ်တွေဆုံးရှုံးလိုက်ကြရပြီးကိုယ့်အားကိုယ်ကိုးလို့နလန်ပြန်ထူဖို့ကြိုးစားနေကြရပါတယ်။ဒါအမှန်တရားပါ။

မုန်တိုင်းပြီးလို့ မိုးလေ ဆဲချိန်မှာ ပြည်သူတွေကပဲ ရှိသမျှ အားနဲ့ ရှင်းလင်းရေး လုပ်ခဲ့ကြပါတယ်။ လမ်းပေါ်မှာပိတ်နေတဲ့ သစ်ပင်နဲ့ဓါတ်တိုင်တွေ၊ တွဲလဲကျနေတဲ့ ဓါတ်ကြိုးတွေ၊ပြိုလဲနေတဲ့ ကြော်ညာဆိုင်းဘုတ်တွေ … ဒါတွေကို ပြည်သူ့အင်အားနဲ့ ရှင်းလင်းခဲ့ပါတယ်။ အင်အား ၄/၅သိန်းရှိတဲ့ မြန်မာ့တပ်မတော် ဘယ်မှာပါလဲ ???? ပစ်ဖို့ခတ်ဖို့ရှိရင် အချိန်မဆိုင်းကြွရောက်လာတတ်ပေမယ့် ကယ်ဖို့ဆယ်ဖို့ဆိုရင်တော့ ရှိန်းဆာယာဖိုမှောက် လို့ကိုယ်ပျောက်နေကြပါတယ်။ ဧရာဝတီတိုင်းရဲ့ရေပြင်တွေပေါ်မှာအသက် မသေပဲမျောပါနေသူတွေ ဘယ်လောက်များရှိခဲ့နိုင်ပါသလဲ???? နိုင်ငံခြားဇာတ်ကားတွေထဲကလို ရဟတ်ယာဉ်ကြီးတွေ တစ်ဝီ၀ီနဲ့ ပျံဝဲလာကြပြီး ကယ်မှာဆယ်မှာ နဲ့မျှော်ရင်း မျှော်ရင်းများသေသွားခဲ့ကြမလား?????။လဂွန်းအိန်မတွေးရဲတော့ပါ။

အိမ်မရှိတော့၊မိသားစုမရှိတော့၊ဆွေမျိုးတွေမရှိကြတော့ နဲ့လူတွေအားငယ်နေခဲ့တယ်..။ဘယ်သူတွေ ကယ်ဆယ်ကူညီအားပေးခဲ့ကြပါသလဲ????နီးရာ ဘုန်ကြီးကျောင်းတွေနဲ့ ကျန်ရှိနေတဲ့ အဆောက်အဦးတွေ မှာ ဗလာနတ္တိ အနေအထားနဲ့စားစရာ အစာ၊သောက်စရာရေ၊၀တ်စရာ အ၀တ်တွေ ကို မျှော်နေခဲ့ရရှာပါတယ်(ခုထိလဲမျှော်လို့မဆုံးသေးပါ)။

နောက်နေ့တွေက စလို့ နိုင်ငံတကာက အကူအညီ နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တစ် စစ နဲ့ ရောက်လာတာ တစ် ဖွဲဖွဲ ဖြစ်လာတဲ့ အထိပါပဲ။ ဒါကို ဂိုဒေါင်ထဲ အသာထည့် လို့နိုင်ငံတော် ၀န်ကြီးချုပ် ဦးဆောင်မှုနဲ့ ဘယ်လိုဖြတ်ဝေ(ဖြန့်ဝေခြင်းမဟုတ်ပါ)မယ်ဆိုတာကို အစည်းအဝေး အရင်လုပ်ကြပါသေးတယ်။ ဒီအချိန်မှာ သေစရာရှိတဲ့ လူတွေ အရင်သေ နှင့်သွားကြပါပြီ။ဝမ်းနည်းပါတယ်။နောက် အဝေတည့်တော့မှ ဒီပစ္စည်းတွေကို ဂိုဒေါင်တွေထဲ ကထုတ်သင့်သလောက်ခြိုးခြံစွာထုတ် ပြီးလေဘေးဒုက္ခသည်တွေကို စတိ သဘောနဲ့ ခမဲပေးသလို ပေးခဲ့ပါတယ်။ရေထဲက အလောင်းတွေကိုဆယ်ဖို့ ကရော?????။ ကိုယ့်ဆွေကိုယ့်မျိုးတွေ မပါလို့ တပ်မတော်က တာဝန်မယူခဲ့ပါဘူး။” အလောင်းတွေ ရေ ထဲမှာ အများကြီးပဲ။ ဘယ်လို လုပ်ကြမလဲ “လို့ မေးတဲ့လူကိုတောင် ..”စိတ်မပူပါနဲ့ ဦးတေဇရယ်၊ အလောင်းတွေကလား…. နောက်၂ရက်၃ရက်ဆိုရင် အသားက ငါးပူတင်းတွေ စားလို့ကုန်မယ်လေဗျာ။ အဲဒီကြရင်အရိုးတွေက သူ့ဖာသာ သူ ရေအောက် ကိုရောက်သွားမှာပါ” လို့ပြော ခဲ့တဲ့ ယူနီဖေါင်ဝတ် ၀န်ကြီးလည်း မြန်မာနိုင်ငံမှာရှိပါတယ်ဗျား။

အဲ .. ကယ်ဆည်ရေး ပစ္စည်းတွေ အကြောင်း ပြန်ကောက်ရအောင်။ဒီကယ်ဆယ်ရေးပစ္စည်းတွေ ပုံအော ပြီး ၀င်လာတေ့မှာ ပဲ စစ်အစိုးရက သူအနှစ်နှစ် အလလ က ကြွေးကြော် ခဲ့ တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး ဆိုတာ ကို အင်တိုက်အားတိုက် အကောင်အထည်စဖေါ်ပါတော့တယ်။ ရန်ကုန်မြို့ရဲ့အထင်ကရ ဈေးကြီးများမှာ ဒီဇိုင်းသစ်ဆန်းတဲ့ ပစ္စည်း၊စားသောက်ကုန်၊အ၀တ်အထည် တွေ အများကြီးမှ အများကြီးကို ရုတ်ချဉ်းပဲ တစ်ခန့်တညားကို ၀င်ရောက်နေရာယူပါတော့တယ်။

နောက် မုန်တိုင်းဒဏ်ခံစားနေကြရရှာလို့စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် စစ်အစိုးရဟာ အစီစဉ်တကျ စီစဉ်ပြီး ဖြစ်တဲ့ ပွဲတော်ကြီး ကို စည်ကားသိုက်မြိုက်စွာ နဲ့ကျင်းပပါသေးတယ်။ဒါကတော့ ဖိစီးနှိပ်စက်ပုံ အကြံအဖန် ဥပဒေ အတည်ပြုရေးအတွက် ပြည်လုံကျွတ်ဆန္ဒခံယူပွဲ ကြီးပါ။ မူလအကြံအဖန် အတိုင်း အောင်မြင်စွာ ပဲအပြီးသတ်နိုင်ခဲ့ပါတယ်။ထောက်ခံမဲ ၉၂ % ကျော်နဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ ဒါတောင် လေဘေးသင့်တဲ့ ရန်ကုန်တိုင်းကမြို့နယ်အတော်များများ နဲ့ ဧရာဝတီတိုင်းက အချို့မြို့နယ်တွေ မပါသေးပါ။ ပါများပါရင် ၁၀၀% နဲ့အထက်ဆိုပြီးတော့များ အောင်ပွဲခံကြော်ညာ ကြဦးမယ်ထင်ပါရဲ့။

တကယ်တော့ မြန်မာပြည်သူတွေ ကို စစ်အစိုးရက မကြာမကြာပြောတတ်တဲ့ တပ်မတော်ရဲ့ စေတနာမှန်ဆိုတာ ဒါပဲလား ????။

ပြောတုန်းက တပ်မတော် သာ အမိ၊တပ်မတော်သာ အဖ ဆို၊ ခုတော့ ကမ္ဘာမီးလောင်လို့(နာဂစ်ဝင်တာ ကျပ်ပြေးနဲ့အဝေးကြီးပါ) သားကောင်ချနင်းပြီလား ????။

တိုင်းပြည်ကြီး မည်သည့်ခေတ်နဲ့မှ မတူအောင် တိုးတတ်နေပါပြီတဲ့၊လူ့အသက်ပေါင်းသိန်းချီချနင်းခံရပြီး ယုံရတော့မယ်တဲ့လား ?????။

တပ်မတော်အတွက် ပြည်သူတွေဟာ ရန်သူတွေလား???? ။ဘာကြောင့်ဒီလောက်တောင် သွေးအေးနေကြပါလဲ???? ။စဉ်းစာရင်းရေးရေးလေးတော့ ပေါ်မှာပါ။

မြန်မာတွေအနေနဲ့ တော့ အမှန်အတိုင်းမြင်ပြီး အမှန်အတိုင်းဆုံးဖြတ်ကြဖို့လိုနေပါပြီ….။

ပထမဦးစွာဝန်ခံရမှာကတော့ ကျွန်တော် လဂွန်းအိန် ဟာ လေ့လာသူတစ်ယောက်သာဖြစ်တယ်ဆိုတာပါ ။ ပြီးတော့ ဒီစာပါအကြောင်းအရာများဟာလဲလေ့လာမိသလောက်သာရေးခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးကင်းရှင်းတယ်ဆိုတာရယ် မြန်မာတွေကောင်းကျိုး အတွက်ဖြစ်တယ်ဆိုတာရော တစ်ပါတည်းဝန်ခံပြောကြားလိုပါတယ် ။

ပမာဏဦးစွာ အကြောင်းအရာနှစ်ခုနဲ့မိတ်ဆက်ပေးပါရစေ…

ပထမအချက်ကတော့ လူတစ်ယောက်ပါ။သူ့နာမည်က မာခီယာဗဲလီ လို့ခေါ်ပါတယ်။အီတာလျံတစ်ယောက်ပါ။၁၅-၁၆ ရာစုများက ယခုအီတလီနိုင်ငံ ၄ စိတ်(မီလန်၊ရောမ၊နေပယ် နဲ့ ဖလောရင့်)ကွဲပြီး တစ်နယ်ကို တစ်မင်း၊စနစ်တစ်မျိုးစီနဲ့ အုပ်ချုပ်ကြစဉ်ကာလက သူဟာ ဖလောရင့် သမ္မတ နိုင်ငံအစိုးရအတွက် အမှုထမ်းခဲ့ပါတယ်။ ဘ၀ရဲ့ နောက်ပိုင်းမှာ ၀တ္ထု တစ်ပိုဒ်ရေး ပြီးသူ့ကိုသူကျော်ကြားစေခဲ့ပါတယ်။ အဲဒီစာအုပ်ကတော့ မင်းသား(The Prince)ပါပဲ။ နောက်ပိုင်းမှာ တော့ဒီစာအုပ်ဟာ ၀တ္ထု အဆင့်မှာမရှိတော့ဘဲ အာဏာရှင်များအတွက်လက်စွဲ လမ်းညွှန်စာအုပ်ဖြစ်လာပါတော့တယ်..။အဲဒီစာအုပ်ရဲ့ အနှစ်ချုပ် ကတော့ အာဏာရယူရေး၊အာဏာကိုလက်ဝယ်ထိန်းသိမ်းရေး အတွက် ကိုယ်ကျင့်သီလ၊သိက္ခာတရား၊အရှက်အကြောက် တွေကင်းမဲ့ ပြီး မည်သည့်အကျင့်ကိုပဲကျင့်ကျင့် တရားပါတယ်။တစ်နည်းဆိုရရင်တော့ အာဏာသာ အဓိက ဖြစ်ပြီး ကျန်တာတွေကအရေးမကြီးဘူး ဆိုတဲ့ အာဏာရှုးဝါဒပဲဖြစ်ပါတော့တယ်။

နောက်ဒုတိယအချက်ကတော့ မည်သည့်နိုင်ငံတိုင်းသည် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားမပါဘဲ အခြားလူမျိုး၊တိုင်းနိုင်ငံတစ်ခုကို ကူညီဖို့ရန်အကြောင်းလုံးဝမရှိပါ။မြန်မာ စကားပုံတွေ လဲရှိပါတယ်။ ကိုယ့်ထမင်ကိုယ်စားပြီး ကြီးဒေါ်နွားတော့ မကျောင်းဘူး… ဆိုတာလေဗျာ။

အခုဒီနေရာက စ လို့မူလခေါင်းစဉ်နဲ့သတ်ဆိုင်တဲ့ အကြောင်းများကို တစ်ချက်ချင်း တူရာတူရာတွေ အလိုက်ခေါင်းစဉ်ခွဲပြီးတင်ပြပါမယ်။ အဲဒါတွေကတော့

၁။ ကုလသမဂ္ဂ

၂။ အမေရိကန်၊အင်္ဂလန်၊ပြင်သစ် နှင့် အီးယူ

၃။ ရုရှား၊တရုပ်၊အိန္ဒိယ နှင့် အာဆီယံ

၎။ စစ်အစိုးရ နှင့်အတိုက်အခံများ

၅။ မြန်မာပြည်သူများ ပဲဖြစ်ပါတယ်။

………………………………………………………………………………………………………………………………………………..

၁။ ကုလသမဂ္ဂ

နိုင်ငံတကာအဖွဲ့အစည်းကြီး၊ကမ္ဘာလုံးဆိုင်ရာအဖွဲ့ကြီးလို့လူသားတိုင်းကသိကြပါတယ်။စွမ်းတာတွေရှိပေမယ့် မစွမ်းတာတွေကပိုများလှပါတယ်။အထူးသဖြင့်တော့ မြန်မာနိုင်ငံ လိုနိုင်ငံမျိုးနဲ့ပတ်သတ်လို့ပေါ့။ သူ့မှာက နှစ်ခြမ်းကွဲနေတဲ့ အဆုံးအဖြတ်ပေးနိုင်ငံများ(ဗီတို နိုင်ငံများ) ဆိုပြီးရှိလေတော့ လုပ်ငန်းစဉ်တွေက မတွင်လှ ဘူးလို့ လူပြောများပါတယ်။ ပြီးတော့ နိုင်ငံတကာ ဥပဒေ ဆိုတဲ့ ကန်သင်းရိုး ထဲက လုပ်ရှားရတာမို့ အကန့်အသပ်တွေကလည်း များလွန်းပါတယ်။အထွေထွေညီလာခံကိုတောင် ဆုံးဖြတ်ချက်တွေရဲ့ သင်္ချိုင်းကြီး ရယ်လို့တင်စားကြသေးတယ်လေ။ သူ့ကိုအာခံနိုင်တဲ့ နိုင်ငံအချို့ထဲ မှာ မြန်မာဆိုတဲ့ နာမည်ကလဲစာရင်းပေါက်ထားတာမို့ သူဟာ မြန်မာ့ဒီမိုကရေစီရေး မှာ စက္ကူကျားသာဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်း၊ယခုနာဂစ်မုန်တိုင်းပြီးကူညီကယ်ဆယ်ရေး ကိစ္စတွေမှာ သူ့ရဲ့ ပါဝါ အပျော့ (solf power) ဟာစစ်အစိုးရအပေါ်မှာ ဘယ်လိုမှ ဖိအားပေးနိုင်ခြင်းမရှိဘူးဆိုတာ အားလုံးအသိပဲဖြစ်ပါမယ်။ပါဝါ အမာ(hard power) ဆိုတဲ့စစ်ရေးအရ အရေးယူဖို့ဆိုတာကလဲ အပေါ်မှာပြောခဲ့သလို ဗီတို နိုင်ငံတွေက နှစ်ဖက်ကွဲနေတဲ့အတွက် ဖြစ်နိုင်တဲ့အခြေအနေမှာမရှိပါဘူးဆိုတဲ့ အဖြေကလွဲလို့ အခြားမရှိပါဘူး။သူ့အကူအညီကိုမျှော်ရင်း နှစ်တွေကြာလာခဲ့ပြီဆိုတော့………။

……………………………………………………………………………………………………………………………………………………

၂။ အမေရိကန်၊အင်္ဂလန်၊ပြင်သစ် နှင့် အီးယူ

ဒီအုပ်စုကတော့ အမေရိကန်၊အင်္ဂလန် နဲ့ ပြင်သစ်ကို တစ်ပိုင်း၊အီးယူကိုတစ်ပိုင်းခွဲပြောရင် ပိုအဆင်ပြေပါမယ်။ပထမ ၃ နိုင်ငံကအတော်အတန် ဖိအားပေးနိုင်တဲ့အနေအထားမှာရှိပါတယ်။လုံခြုံရေးကောင်စီမှာလဲ ဗီတိုကိုင် နိုင်ငံတွေဆိုတော့ ကမ္ဘာ့အရေးအရာတွေမှာ လဲသြဇာကြီးတာပေါ့ဗျာ။ ဒီမိုကရေစီကယ်တင်ရှင်ကြီးများလို့လဲ ကိုယ့်ကိုယ်ဂုဏ်တင်ထားကြပါသေးတယ်။အဲ .. စစ်အစိုးရကို အတိုက်အခံပြုမယ့် အဖွဲ့ အစည်းမျိုးစုံကိုတော့ အားပေးကူညီတာ၊လက်ခံတပည့်မွေးတာတွောကိုလဲလုပ်ကြပါသေးတယ်။ကွန်မြူနစ်(ဗကပ)လိုအဖွဲ့တွေကိုတောင် အမေရိကန်မှာအချေစိုက်လှုပ်ရှားခွင့်ပေးထားလို့ လဂွန်းအိန်တောင် ကြားစက တော်တော်အံသြသေးတယ်။ ဒါပေမယ့် အစကနဦး မှာပြောခဲ့တဲ့ အချက်နှစ်ချက်ထဲက ဒုတိယ အချက်အရတော့ အများကြီးသွားမျှော်လင့်လို့မရတာသေချာပါတယ်။ဒီနေရာဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတယ် ဆိုတာလောက်နဲ့တော့ အခြားထူးခြားတဲ့ အကျိုးအမြတ်မျိုးမရှိပါဘူး။ အီရတ်လို ရေနံတွေ အလျှံပယ် ပေါရင်တော့တစ်မျိုးပေါ့လေ။ ဒီအုပ်စုမှာ ဦးဆောင်သူက အများသိပြီးသား အမေရိကန် ပဲဖြစ်ပါတယ်။ကျန်တာတွေကသူ့နောက်ကမဟာမိတ်ပေါ့။

နောက်တစ်ပိုင်းက အီးယူပါ။(EU) ဆိုတာတဲ့ အဖွဲ့အစည်းဟာ စီးပွားရေးနိုင်ငံရေး အတွက် လို့ သိကြပေမယ့် စစ်ရေးအတွက် အမေရိကန် ဦးဆောင်တဲ့ (NATO) မှာလဲ ဒီ(EU)ကနိုင်ငံတွေပဲအားလုံးနီးပါး ပါကြတာပါ။အခြေခံအားဖြင့်တော့ မဟာမိတ်တွေ ဆိုပေ မယ့် ဒီ(NATO)ဟာ တစ်ချိန်က ဆိုဗီယက်ကွန်မြူနစ် ရန်ကိုကြောက်လို့ဖွဲ့တာဖြစ်ပြီး အခု အဲဒီရန်သူမရှိတော့တဲ့အတွက် ဆရာကြီး အမေရိကန်နဲ့ သိပ်တော့ အစေးမကပ်တော့ပါဘူး။ သူတို့ဥရောပဒေသတွင်းကို မထိခိုက်တဲ့ ကိစ္စဆိုရင် သိပ်အလေးမထားနိုင်ဘူးလေ။ဒီတော့ (EU)လည်း ဒီလိုပါပဲ။စီးပွားရေးအရ ပဲဖိအားနည်းနည်းပါးပါး ပေးနိုင်တာပါ။

……………………………………………………………………………………………………………………………………..

၃။ရုရှား၊တရုပ်၊အိန္ဒိယ နှင့် အာဆီယံ

ဒီအဖွဲ့ကတော့ စစ်အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့ပါ။

  • ရုရှားကတော့ အနေဝေးတာကြောင့် ကုလ မှာ ကြုံရင်ကန့်ကွက်မဲပေးတာလောက်ပဲလုပ်ပေးပါတယ်။ ဒါကလဲ နှစ်စဉ်လက်နက်အားပေးနေတဲ့ လက်ရင်းဖောက်သည် လေးကိုကာကွယ်တာလောက်ပါ။ အရေးကြီးတာက နောက်က တရုပ်အိန္ဒိယ နှင့် အာဆီယံ ။ ဒီနေရာမှာ ကမ္ဘာ့ပေါ်မှာ လူဦးရေ အများဆုံးဒီမိုကရေစီ နိုင်ငံကြီး အိန္ဒယ ပါတာကို သဘောတွေ့မယ်မထင်ပါဘူး။ပြီးတော့ အများအမြင်ဖြစ်တဲ့ စစ်အစိုးရဟာ တရုပ် သြဇာခံ ဆိုတဲ့ အချက် ကိုပါ လဂွန်းအိန် ငြင်းပါရစေ။ တစ်ကယ်တော့ အကျိုးစီးပွားသာ အဓိက ပါ။ အိန္ဒိယက ဒီမိုကရေစီနိုင်ငံဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ပါဘူး။တရုပ်နဲ့ နိုင်ငံရေးဈေးပြိုင်ပေးနေတာပါ။မြန်မာနိုငံဟာ နယ်မြေအနေအထားအရ အရမ်းကိုအရေးပါပါတယ်။ဒီတော့ သူတို့ အပြီုင်လုနိုင်မှ တော်ကာကြမယ်လေ။ပြီးတော့အားလုံးမက်မောတဲ့ သဘာဝဓါတ်ငွေ့ က လဲပေါတယ်မလား။နောက်တစ်ချက်က စီးပွားရေးအတွက် ကြည့်ရင်လည်း အာဆီယံရဲ့နောက်ဖေးဝင်ပေါက်ပါ။အိန္ဒိယအတွက်ဆိုပိုတောင်အရေးကြီးပါတယ်။သူ့မှာက အာဆီယံနဲ့ကုန်သွယ်ဖို့ဆိုရင်ကုန်းလမ်းအရ မြန်မာကိုဖြတ်ကိုဖြတ်ရပါမယ်။ဒီတော့ ဒီအချက်တွေအရအိန္ဒိယဟာစစ်အစိုးရနဲ့တည့်အောင်ပေါင်း၊အပေးအယူတွေလုပ်ရပါမယ်။သူနဲ့နီးတဲ့ရခိုင်နဲ့စစ်ကိုင်းတိုင်းက
    အချို့ဒေသတွေမှာသူက နေလမ်းဖေါက်ပေးရတာတွေ တံတားထိုးပေးရတာတွေရှိနေတာကြည့်ရင် ဒါကိုသက်သေပြုနိုင်ပါပြီ။
  • နောက်တရုပ်ဟာ စစ်အစိုးရအပေါ် သြဇာအညောင်းဘူးဆိုတာကိုပါ။ရှင်းပါ့မယ်။ ၉၀ ရွေးကောက်ပွဲအပြီး ၊ ရလဒ်တွေကြေညာလို့ (NLD) နိုင်တယ် လို့လဲကြားရော ။ရန်ကုန်က သံတမန်တွေက လာပြီးဂုဏ်ပြု ကြပါတယ်။ဦးတင်ဦးက လက်ခံ ဧည့်ခံပါတယ်။ ပထမ ဦဆုံး လာပြီး အသိအမှတ်ပြု လက်ဆွဲနုတ်ဆက် လာတဲ့ သံအမတ် ဟာ ဘယ်နိုင်ငံက ပါလဲ။ သိကြပါသလား။ တရုပ်သံရုံးကပါ။ တရုပ်ဟာ ဗိုလ်စောမောင် ပြောတဲ့ စစ်တန်းလျားပြန်မယ် ဆိုတာကို အဟုတ်မှတ်နေတယ်ဆိုတာကိုသိနိုင်ပါပြီ။သူ့အနေနဲ့ က ဘယ်အစိုးရပဲ ပလ္လင်ပေါ်ရောက် ရောက် တည့်အောင်ပေါင်း၊ အခွင့်အရေးယူမှာပါပဲ။စစ်အစိုးရမို့ ကျားကန်ပေးထားတယ် ဆိုတာ လုံးဝ(လုံးဝ) မဟုတ်ပါ။စစ်အစိုးရအတွက် ငွေတွေချေး (၊ပြန်မရ)၊ စစ်သုံးယာဉ်တွေ အလကားပေး(အမှန်ကတော့ အလဲအထပ်ပါ၊ ကချင်နဲ့ ရှမ်းမြှောက် က သစ်တောတွေလဲ ကုန်ပါပြီ) ။ပြီးတော့ စောစော က ပြောတဲ့ သဘာဝဓါတ်ငွေ့ လုရတာလဲပါတာပေါ့။ဒီတော့ စစ်အစိုးရက အသာကြီး(အထက်ကပါ)။ဒါပေမယ့် အကာအကွယ်ပေးနိုင်သမျှပေးပါတယ်။ အကျိုးရှိတယ်လေ။တရုပ်အတွက် မြန်မာရဲ့တည်နေရာဟာ အိန္ဒယလို စီးပွားရေးတင်မက ၊ စစ်ရေးအရပါပို ပါပါ တယ်။သူ့နိုင်ငံပတ်လည်မှာ အမေရိကန် ရဲ့ ထီးရိပ်မိုးနိုင်ငံတွေက ၀ိုင်းနေတာမလားဗျာ။ အရှေ့မှာ ဂျပန်၊တောင်ကိုရီးယားနဲ့ထိုင်ဝမ်။တောင်မှာဆို ထိုင်း၊အနောက်မှာ ပါကစ္စတန် တို့ရှိတယ်လေ။ ဒီတော့ မြန်မာပါ လက်လွတ်ခံရရင် သွာပြီပေါ့။ဒါပေမယ့် စစ်အစိုးရ ကိုအားပေးလေ ပြည်သူတွေ ဒုက္ခရောက်လေ ဖြစ်နေတာကတော့ လုံးဝကို မကောင်းပါဘူး။
  • နောက် အာဆီယံ ။ သူကလဲ စစ်အစိုးရ ကို သံတမန်ရေး ပိုင်းကနေ ကျားကန်ပေးထားတဲ့ ဒေသတွင်းအဖွဲ့ကြီးပါ။
    အပြည်ပြည်ဆိုင်ရာက အော် ၊ သူက ကာပေး။ စီးပွားရေးတွေတွဲလုပ် ။ အကျိုးရှာကြတာပါပဲလေ။

    …………………………………………………………………………………………………………………………………………
    စစ်အစိုးရနှင့်အတိုက်အခံများ

  • ဒီအပိုင်းကတော့ တော်တော် ကိုကျယ်ပြန့်လာပါပြီ။ စစ်အစိုးရဟာ ၂၁ ရာစုမှာ အသက်ရှင်နေတဲ့ မာခီယာဗဲလီ ရဲ့ မင်းသားတွေပါပဲ။ အရှက်မရှိ၊သိက္ခာ နတ္တိ၊ ဒါပေမယ့် ထိုင်ခုံမြဲရေးမှာတော့ ဥာဏ်များပါတယ်။ ကုလသမဂ္ဂ ဆိုတဲ့ နွားကို နဖားကြိုးပိုင်ပိုင်ထိုး ပြီးကစားနိုင်တာကြည့်ရင်၊နှစ် ၂၀ ကျော်ကြာမြဲတာကိုကြည့်ရင် သိသာပါတယ်။နောက် ပြည်သူတွေကို ဖိနှိပ် ပြီး မလှန်နိုင်အောင် ချုပ်ထားတာ၊ အတိုက်အခံတွေ ကို တစ်စစနဲ့ အကိုင်းအခက် ချိုး ပြီးလို့ခုဆို အမြစ်ပါလှန်တော့မယ်လေ။ သူ့ကို မထိခိုက်ဖို့၊သူ့ဖက်ကိုမလှည့်နိင်ဖို့ ပြည်သူတွေကို အာရုံပြောင်းပေးတာ(၁လုံး၊၂လုံး၊၃လုံး)၊စားဝတ်နေရေးမပြေလည်အောင် ညစ်ထားတာတွေ ကလဲ ရက်စက် လှပါတယ်။
    ပညာရေးကို နှစ်တို စီမံကိန်းတွေ နဲ့ စနစ်တစ်ကျ ဖျက်ဆီး၊ဘွဲ့ရလို့မှ အလုပ်ကမရနိုင် ။ရှိစုမဲ့စု စဉ်းစားဥာဏ်လေးတွေကို ကိုရီးယား ကားလေးတွေ ပုံမှန်ပြ ပြီး တုံးအောင်လုပ်ပေး။လူတစ်ယောက်အတွက် ကျန်းမာရေးစာရိတ်က တစ်နှစ် ကို ကျပ် ဆယ်၊ရာဂဏန်းစွန်းရုံလေးပြဌာန်း၊၀န်ထမ်းတွေ(စစ်တပ်အောက်ခြေပိုင်းက ရဲဘော်တွေလဲပါ)ကို မ၀ရေစာလေးကျွေးပြီးမွေးထား၊ထိပ်ဆုံး ပုဂ္ဂိုလ် က အစပြုလို့ အောက်ဆုံး အမှိုက်သိမ်း တဲ့လူထိ ကို စိတ်ဓါတ်က အမြှီးကျက်ကျက်၊ခေါင်းကျက်ကျက် ရတာအကုန်စား၊ပြောရင်ကုန်မယ်တောင် မထင်တော့ဘူး။
    အနောက်ကအော်ရင် ကုလသမဂ္ဂ ၊အာဆီယံတို့ကိုအကာအကွယ် ယူပါတယ်။ အဲ.. သူတို့ကပါထပ်အော် ရင် အချိန်ဆွဲပြီး မျက်နှာပြောင်တိုက် လို့နေပါတယ်။ အေးလေဗျာ… ဖင်ပြောင်နဲ့နေမှတော့ ဒီထက်ဘာများထူးပြီးရှက်ရတော့ဦးမှာလဲ။နိုင်ငံရဲ့နောက်ဆုံးပေါ် သယံဇာသ ဖြစ်တဲ့ သဘာဝဓါတ်ငွေ့ ကို သုံးပြီး စွမ်းအင်နိုင်ငံရေးကစားပွဲ ကို ဆင်နွဲ ၊ နောက်ရတဲ့ပိုက်ဆံနဲ့ ဘယ်သူကိုမှ အကျိုးမဖြစ်စေတဲ့ ကျပ်ပြေး မြို့သစ်ကြီးတည်၊
    တော်တော် ကို ပရိယာရ်မျာနိုင်လွန်းလှပါရဲ့။ဒီငွေတွေကိုသာ တိုင်းပြည်ရဲ့အခြေခံအဆောက်အဦးဖွံဖြိုးရေးမှာသာသုံးခဲ့ရင်သိပ်ကောင်းမှာပဲလို့ လဂွန်းအိန် မကြာခဏ ညီးမိတာအမှန်ပါ။သူ့ရဲ့ စွမ်းအင်နိုင်ငံရေး ကစားပွဲမှာ ထိုင်း၊အိန္ဒိယ၊အမေရိကန်၊ပြင်သစ်၊တောင်ကိုရီးယား၊ရုရှား၊တရုပ်တို့ပါဝင်ကစားကြပြီး ကစားပွဲဟာ အောင်အောင်မြင်မြင်နဲ့ စစ်အစိုးရအတွက် တော်တော် ကိုပဲ စီးပွားရေး၊နိုင်ငံရေး၊စစ်ရေးတို့ မှာအသာရနိုင်တဲ့အနေအထားကိုရောက် ရှိလို့နေပါပြီဗျာ။ထိုင်းဆိုရင် ခုကြည့်ပါလား။နေ့တိုင်းကိုကျပ်ပြေးလာပြီး မဖူးရုံတမယ်ပဲကျန်တယ်။ပြောသမျှ ဟုတ်ပ ပဲ။ငြင်းတယ်တောင်မကြားရဘူး။
  • တစ်ဖက်မှာအတိုက်အခံတွေကတော့ တစ်ဖြည်းဖြည်းနဲ့ ထန်းညက်လုံးခွေးလျှက်ဆိုသလို ပဲ လုံးပါးရော ပြာပါး ပါ ပါးလာလိုက် တာ ခုတော့ လေသံ သဲ့သဲ့လေးပဲကျန်တော့တယ်။ အသံပေးနိုင်ရုံလေးပဲဆိုပါတော့လေ။နောက်ဆို အငွ့လေးတောင် ပျံနိုင်ပါ့မလားမသိ။ပြည်သူတွေက လဲစောစော က ပြောသလို စားဝတ်နေရေး ပြသနာတွေနဲ့လုံးပန်းနေရတော့ ဒီနိုင်ငံရေး ဆိုတာ ကြာလေဝေး ဖြစ်နေတာပေါ့ဗျာ။ဒီတော့ အတိုက်အခံတွေ လဲလေပဲပစ်ကြပေါ့ဗျာ။ ၈၈ တုန်းက စတင်ဆန္ဒပြတဲ့ သြဂုတ် ၈ ရက် နဲ့ စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၁ ရက် ဆိုတာ တော်တော် ကိုကြာပါတယ်။ ဒီအချိန် အတွင်းမှာ ကိုအတိုက်အခံတွေအနေနဲ့ ဘာမှဖြစ်လာအောင် မလုပ်နိုင်ခဲ့ကြတာ ညံ့လို့ပေါ့ ။ရူပဗေဒ သဘောတရားနဲ့ကြည့်ရင်လဲ ကျောက်တုံးကြီး ကိုဘယ်လိုပဲအားစိုက် တွန်းတွန်း ဒီကျောက်တုံးက မရွေ့ ရင်ဒါဟာ မလုပ်လုပ်တယ်လို့မသတ်မှတ်ပါဘူး။ဒီလိုပါပဲ ဘယ်လို ပဲကြေညာချက်တွေ ထုတ်ထုတ်၊ ဘယ်လိုပဲ အော်အော် စစ်အစိုးရဆိုတဲ့ ကျောက်တုံးကြီး မရွေ့ရင် တော်လှန်ရေးအောင်မြင်တယ်လို့ မသတ်မှတ်နိုင်ပါဘူး။…………………………………………………………………………………………………………………………..
    ၅။ မြန်မာပြည်သူများ
    ဒီမိုကရေစီ ရရှိရေးမှာ အစွမ်းဆောင်နိုင်ဆုံး၊ဖြစ်နိုင်ချေ အရှိဆုံး အဓိကစွမ်းဆောင်နိုင်သူတွေ(Key players)ကတော့ မြန်မာပြည်သူများ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါပေမယ့် မြန်မာ ပြည်သူတွေထဲမှာ ရော နိုင်ငံရေးကို အားကျိုးမာန်တက် စိတ်ပါဝင်စားသူ ဘယ်နှ ရာခိုင်နှုံး ရှိပါသလဲ။နေ့စဉ်စားဝတ်နေရေး ပြသနာ သာမြန်မာ လူထု ရဲ့ အဓိကအနေအထားမှာ ရှိနေဆဲပါ။ ပညာရေး နှိမ့်ကျမှု ကလဲ လူတွေရဲ့ ဥာဏ်ရည် ကို ခပ်တုံးတုံး ဖြစ်အောင် ဖန်တီးပါတယ်။တစ်ကယ်တော့ မြန်မာဆိုတဲ့ လူမျိုးဟာ နေအေးအေး၊စားအေးအေး လူမျိုးပါ။ အမှတ်အတေး လဲနည်းပါတယ်။ စားဝတ်နေရေးသာ ပြည်လည် ရင် သိပ်ဆူဆူ ပူပူ မလုပ်ကြပါဘူး။ ၈၈ အရေးအခင်းဆိုတာကလဲ နိုင်ငံရေး ရည်မှန်းချက်ထက် ဆန်ဈေးတက် လို့ ၊ငွေစက္ကူကိုတရားမ၀င်ကြေညာလို့ပေါ်ပေါက်လာခဲ့ရတာပါ။ နောက်ဆုံးပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်း ပလဲပဲ စားဝတ်နေရေး ပြသနာ ကြောင့်မဟုတ်ခဲ့ရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီနေရာမှာတော့ ရဟန်းသံဃာ များကို လေးစားမိပါတယ်။ အစိုးရ ပြောသလိုသာ ရဟန်းတွေ နိုင်ငံရေး လုပ်ခွင့် မရှိဘူးဆိုရင် ပုဂံ ခေတ်က ရှင်ဒိသာပါမောက် ဟာ သမိုင်းစာမျက်နှာတွေမှာ ရှင်သန်ကျန်ရစ် နိုင်မှာ မဟုတ်ပါဘူး။
  • မြန်မာ လူမျိုးတွေမှာ အားနည်းချက်တွေကလဲများလှပါတယ်။ ရိုးတာကိုလွန်ပြီး အနေတယ်၊လေးစားတာကိုကျော်ပြီးကြောက်နေတယ်၊သီးခံတာနဲ့ ကိုယ့်အခွင့်အရေးတွေ တစ်တိတိ ဆုံးရှုံးခံနေတာတွေက သဘာဝမကျပါဘူး။အမှန်ကိုအမှန်အတိုင်းမြင်နိုင်ဖို့ကြိုးစာားကပါလို့တိုက်တွန်းချင်ပါတယ်။
    နိဗ္ဗန်ရောက်ကြောင်းတရား မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဌိ ဟာ အရေးအပါဆုံးပါ။ဒါကြောင့် အမြင်မှန် ကို မြင်နိုင်ဖို့အရေးကြီးပါတယ်။ ငါတို့ ဆုံးရှုံးနေပါလား၊ငါတို့ အနှိမ်ခံနေရပါလား ဆိုတဲ့ အမြင်မှန်ကိုပါ။ဒီလို မမြင်နိုင်လို့လဲ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါ နေလာခဲ့ကြရတာပါ။အချိန်မှန် ၂ လုံး၊၃လုံးထိုးနေရလို့၊ ကိုရီးယားကားလေးမှန်မှန် ကြည့်နေရလို့ ငါတို့က အေးဆေးပါ ဆိုရင်တော့ ကိုယ်ချစ်တဲ့နောက်မျိုးဆက်တွေကို ဒီထက်ဆိုးတဲ့ နွံထဲမှာ နှစ်ချန်ခဲ့တာနဲ့ အတူတူပါပဲ။ ပြီးတော့ ကံမကောင်းဘူးညီးညီးနေတာ ကိုယ်ညံ့ပါတယ်လို့ ၀န်ခံရာရောက်ပါတယ်။ တစ်ကယ်တော့ ကံဆိုတာ အလုပ်ပါ။ ကိုယ်အလုပ်ကောင်းကောင်းလုပ်ရင် ကောင်းတာကို ခံစားရပါမယ်၊ကောင်းကောင်း မလုပ်ရင် ကောင်းကောင်းမလုပ်တဲ့ အကျိုးကို ခံစားရပါမယ်။ အဲ.. ဘာမှမလုပ်ပဲ ကံမကောင်းဘူးညီးနေတာကတော့ ဆိုးပါတယ်။ညီးနေတာ ထက် တစ်ခုခု ကို ထလုပ်လိုက်ကြတာ ကမှ ပို လို့အကျိုးရှိပါလိမ့်မယ်။