ပုံပြင်အဟောင်းလေးတစ်ပုဒ်ပါ။ကြားဖူးတဲ့လူတွေရှိသလို မကြားဖူးတဲ့လူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဟိုးရှေးရှေ… ရှေးရှေ တုန်းကပေါ့ … ဘုရင့်နေပြည်တော်ကြီးနဲ့ မနီးမဝေး ရွာတစ်ရွာမှာ .. ကောင်လေးတစ်ယောက်ရှိသတဲ့။
ကောင်လေးကပျင်းတာကလွဲရင် တစ်ခြားဘာမှ အပြစ်ပြောစရာမရှိဘူးတဲ့။ (လဂွန်းအိန် လိုပဲနေမှာ)
တစ်နေ့ ကောင်လေးက ဗေဒင်ဆရာဆီသွားပြီး၊ဗေဒင်လေးဘာလေးမေးတာပေါ့။ ဘာလား၊ညာလား နဲ့ နေမှာပေါ့။
ဒီတော့ ဗေဒင်ဆရာကပြောတယ်.. “ကောင်လေး .. မင်းမစိုးရိမ်နဲ့ .. မင်းဘ၀ကောင်းစားဦးမယ်။
မင်းမှာထီးဖြူဆောင်းရမယ့်ကံဇာတာ ပါတယ်။”
ကောင်လေးကလဲ ပြန်မေးတာပေါ့ ..” သေချာလားဆြာ ..” ပေါ့ ။
ဆြာကလဲ ..” သေချာပါတယ်”ပေါ့ ။
ဒီတော့ ကောင်လေးလဲ .. နဂိုကမှ ပျင်းတဲ့ အခံလေးကရှိတော့ သူ့ကိုသူ မင်းဖြစ်မယ့်ကောင်ဆိုပြီးဘာမှ မလုပ်ဘဲ၊
တစ်နေ့တစ်နေ့ နဲ့ တစ်ရွေ့ရွေ့ အချိန်တွေ ကုန်လာလိုက်တာ… နောက်ဆုံး အပြင်းအထန်ဖျားနာပြီး ပြုစုမယ့် သူမရှိလို့
လမ်းဘေးမှာ လေလွင့်နေရင်း၊ သူသေမယ့် အချိန်ကို မျှော်နေတုန်းမှာပဲ …
သူတို့ တိုင်းပြည်က ဘုရင်ကြီး တိုင်းခန်းလှည့်တာနဲ့ကြုံပါတယ်တဲ့..။
ဒီတော့ ကြင်နာတတ်တဲ့ဘုရင်ကြီးက သူလမ်းဘေးမှာလဲ နေတာတွေ့ပြီး သနားစိတ်ဝင်လာတယ်တဲ့။
သူ့အမှုးအမတ်တွေ နဲ့ ကြည့်ရှု ခိုင်းတော့ .. မကြာခင်သေမယ့် လူမမာ ဆိုတာကိုလဲသိရော..
ဘုရင်ကြီးက အရမ်းသနားသွားပြီး သူ့ ကိုယ်ရံတော်တွေ၊အမတ်တွေ ကို အမိန့်ပေးတယ်..
“ဟေ့ .. ဒီ မကြာခင် .. ကွယ်လွန်မယ့် သူကို .. နောက်ဆုံး သက်သက်သာသာ နဲ့ဘ၀ကူးရအောင်
ငါကိုယ်တော်ရဲ့ ထီးဖြူနဲ့ မိုးထားပေးလိုက်စမ်း မောင်မင်းများ .. “ဆိုပြီး အမိန့်ပေးတယ်.. တဲ့ .. ။
ဒီလိုနဲ့ မင်းမှုထမ်းတွေ လည်း အမိန့်အတိုင်း ထီးဖြူကို ကောင်လေး(ကောင်ကြီးဖြစ်နေလောက်ပြီ ထင်ပါတယ်)
ပေါ်မှာ မိုးပေး၊ ဘုရင်ကြီးလည်းတိုင်းခန်းဆက်လှည့်သွား.. နောက်ကောင်လေးလည်း အဲဒီနေရာမှာတင် သေသွား..
ဒီလိုနဲ့ ဇာတ်လမ်းလေးလဲ ပြီးရောဆိုပါတော့ ဗျာ။
ဒီပုံပြင်လေးက ဘာပဲဖြစ်ဖြစ် စဉ်းစားစရာလေးတော့ ပေးနိုင်မှာပါ..။